အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍၊ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍၊ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ။ အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက်မှောက်ပြု၍၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ၏။ လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲသို့ မဝင်ပါ။ မတရားသောသူတို့၏စည်းဝေးခြင်းကို မုန်းပါ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။ ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို၍၊ အံ့ဩဖွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှာ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည်၊ ထာဝရဘုရား။
ဆာလံ 26 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 26:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို