YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 25:7-10

ဆာလံ 25:7-10 JBMLE

အ​ကျွန်ုပ်​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်၊ ပြစ်​မှား​မိ​သော အ​ပြစ်​တို့​ကို​အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကောင်း​မြတ်​တော်​မူ​သည် ဖြစ်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ​ပါ ထာ​ဝ​ရ​ဘု​ရား။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သ​ဘော၊ ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ပြစ်​ရှိ​သော​သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို တ​ရား​လမ်း၌ သွေး​ဆောင်​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​အား ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​အား က​ရု​ဏာ​နှင့် သ​စ္စာ​ဖြစ်​ကြ​သ​တည်း။