YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 25:1-5

ဆာလံ 25:1-5 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​လျက်​နေ​ပါ၏။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​ကို​အောင်၍ အောင်​ပွဲ​ကို​မ​ခံ​ပါ​စေ​နှင့်။ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​တို့​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်၍၊ ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​ကို​ပြ၍၊ အ​ကျွန်ုပ်​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ကယ်​တင်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။