YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 22:12-31

ဆာလံ 22:12-31 JBMLE

နွား​လား​ဥ​သ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း၍၊ အား​ကြီး​သော ဗာ​ရှန်​ဥ​သ​ဘ​တို့​သည် ဝန်း​ရံ​လျက် နေ​ကြ​ပါ၏။ ကိုက်​ဖြတ်၍ ဟောက်​တတ်​သော​ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​ကို ပါး​စပ်​ဟ​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် ရေ​ကဲ့​သို့​သွန်​ခြင်း​ကို​ခံ​ရ၍၊ အ​ရိုး​အ​ဆစ်​ရှိ​သ​မျှ​တို့​သည် ပြုတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် ဖ​ယောင်း​ကဲ့​သို့​ဖြစ်၍၊ ရင်​ထဲ​မှာ အ​ရည်​ကျို​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ခွန်​အား​သည် အိုး​ခြမ်း​ကဲ့​သို့ ခန်း​ခြောက်၍၊ လျှာ​လည်း ပါး​ရိုး၌ ကပ်​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို သေ​မြေ​တိုင်​အောင် ချ​တော်​မူ​ပါ​ပြီ။ ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။ ကိုယ်​အ​ရိုး​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ရေ​တွက်​နိုင်​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​ကြည့်​မြင်၍ အား​ရ​လျက်​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍၊ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခွန်​အား​ဗ​လ၊ အ​ကျွန်ုပ်​ကို မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ကို ဓား​ဘေး​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ချစ်​ဆုံး​ကို ခွေး​လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပါ။ ခြင်္သေ့​ခံ​တွင်း​မှ အ​ကျွန်ုပ်​ကို​ကယ်​တင်၍၊ ကြံ့​ဦး​ချို​ထဲ​မှာ အ​ကျွန်ုပ်​ခေါ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် သ​တင်း​တော်​ကို ညီ​အစ်​ကို​တို့​အား​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​အ​ချင်း​တို့၊ ချီး​မွမ်း​ခြင်း​ကို ပြု​ကြ​လော့။ ယာ​ကုပ်​အ​မျိုး​အ​ပေါင်း​တို့၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ကြ​ပါ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​ရှေ့​မှာ၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ဝ​စွာ​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် ချီး​မွမ်း​ကြ​လိမ့်​မည်။ သင်​တို့​စိတ်​နှ​လုံး​သည် အ​စဉ်​အ​မြဲ​အား​ဖြည့်​ရ​လိမ့်​မည်။ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် သ​တိ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​လိမ့်​မည်။ လူ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုး​ကွယ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​ပိုင်​တော်​မူ၏။ လူ​မျိုး​တို့​ကို မင်း​ပြု​တော်​မူ၏။ မြေ​ကြီး​ပေါ်​မှာ ကြွယ်​ဝ​သော​သူ​အ​ပေါင်း​တို့​သည် စား၍ ကိုး​ကွယ်​ကြ​လိမ့်​မည်။ ကိုယ်​အ​သက်​ကို မ​စောင့်​နိုင်။ မြေ​မှုန့်​သို့​ဆင်း​ရ​သော သူ​အ​ပေါင်း​တို့​သည်​လည်း၊ ရှေ့​တော်၌ ညွှတ်​ပျပ်​ဝပ်​တွား ကြ​လိမ့်​မည်။ သူ​တို့​အ​မျိုး​အ​နွယ်​သည်​လည်း ဝတ်​တော်​ကို ပြု​သ​ဖြင့်၊ လူ​အ​စဉ်​အ​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သ​တင်း​တော်​ကို ကြား​ရ​ကြ​လိမ့်​မည်။ ဤ​သို့​စီ​ရင်​တော်​မူ​ပြီ​ဟု သူ​တို့​သည် ပေါ်​လာ၍၊ တ​ရား​သော​အ​မှု​တော်​ကို ဖွား​သော​လူ​မျိုး​အား ဖော်​ပြ​ရ​ကြ​လိမ့်​မည်။