YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 22:1-19

ဆာလံ 22:1-19 JBMLE

အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို မ​ကယ်​တင်​ဘဲ အ​ကျွန်ုပ်​အော်​ဟစ်​သော စ​ကား​ကို နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့် အ​ဝေး​မှာ​နေ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ဘု​ရား၊ နေ့​အ​ခါ အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း၊ ကိုယ်​တော်​သည် နား​မ​ထောင်​ပါ။ ည​အ​ခါ အော်​ဟစ်​သော်​လည်း သက်​သာ​ခြင်း​သို့ မ​ရောက်​ပါ။ ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​ကြ​ပါ၏။ ကိုး​စား​ကြ​သည်​တွင်၊ ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ၏။ သူ​တို့​သည် ကိုယ်​တော်​ကို အော်​ဟစ်၍ ကယ်​တင်​ခြင်း​သို့ ရောက်​ပါ၏။ ကိုယ်​တော်​ကို​ကိုး​စား၍ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား၊ လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ ဖြစ်​ပါ၏။ လူ​များ​ကဲ့​ရဲ့​စ​ရာ၊ လူ​စု​အ​ရှက်​ခွဲ​စ​ရာ​ဖို့ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ကို မြင်​သ​မျှ​သော​သူ​တို့​သည် ပြက်​ရယ်​ပြု​ခြင်း၊ နှုတ်​ခမ်း​ဖြဲ​ခြင်း၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ပြီ၊ သူ့​ကို​နုတ်​တော်​မူ​ပါ​လေ​စေ။ သူ၌​အ​လို​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ဆို​ကြ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က​ဆွဲ​ယူ၍၊ နို့​စို့​သည်​ကာ​လ၌ စိုး​ရိမ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​တော်​မူ၏။ အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​အ​န္တ​ရာယ်​ရောက်​လု​နီး​ပါ​ပြီ။ မ​စ​သော​သူ​မ​ရှိ​ပါ။ နွား​လား​ဥ​သ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း၍၊ အား​ကြီး​သော ဗာ​ရှန်​ဥ​သ​ဘ​တို့​သည် ဝန်း​ရံ​လျက် နေ​ကြ​ပါ၏။ ကိုက်​ဖြတ်၍ ဟောက်​တတ်​သော​ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​ကို ပါး​စပ်​ဟ​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် ရေ​ကဲ့​သို့​သွန်​ခြင်း​ကို​ခံ​ရ၍၊ အ​ရိုး​အ​ဆစ်​ရှိ​သ​မျှ​တို့​သည် ပြုတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် ဖ​ယောင်း​ကဲ့​သို့​ဖြစ်၍၊ ရင်​ထဲ​မှာ အ​ရည်​ကျို​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ခွန်​အား​သည် အိုး​ခြမ်း​ကဲ့​သို့ ခန်း​ခြောက်၍၊ လျှာ​လည်း ပါး​ရိုး၌ ကပ်​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို သေ​မြေ​တိုင်​အောင် ချ​တော်​မူ​ပါ​ပြီ။ ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။ ကိုယ်​အ​ရိုး​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ရေ​တွက်​နိုင်​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​ကြည့်​မြင်၍ အား​ရ​လျက်​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍၊ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခွန်​အား​ဗ​လ၊ အ​ကျွန်ုပ်​ကို မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။