YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 22:1-11

ဆာလံ 22:1-11 JBMLE

အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို မ​ကယ်​တင်​ဘဲ အ​ကျွန်ုပ်​အော်​ဟစ်​သော စ​ကား​ကို နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့် အ​ဝေး​မှာ​နေ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ဘု​ရား၊ နေ့​အ​ခါ အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း၊ ကိုယ်​တော်​သည် နား​မ​ထောင်​ပါ။ ည​အ​ခါ အော်​ဟစ်​သော်​လည်း သက်​သာ​ခြင်း​သို့ မ​ရောက်​ပါ။ ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​ကြ​ပါ၏။ ကိုး​စား​ကြ​သည်​တွင်၊ ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ၏။ သူ​တို့​သည် ကိုယ်​တော်​ကို အော်​ဟစ်၍ ကယ်​တင်​ခြင်း​သို့ ရောက်​ပါ၏။ ကိုယ်​တော်​ကို​ကိုး​စား၍ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား၊ လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ ဖြစ်​ပါ၏။ လူ​များ​ကဲ့​ရဲ့​စ​ရာ၊ လူ​စု​အ​ရှက်​ခွဲ​စ​ရာ​ဖို့ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ကို မြင်​သ​မျှ​သော​သူ​တို့​သည် ပြက်​ရယ်​ပြု​ခြင်း၊ နှုတ်​ခမ်း​ဖြဲ​ခြင်း၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ပြီ၊ သူ့​ကို​နုတ်​တော်​မူ​ပါ​လေ​စေ။ သူ၌​အ​လို​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ဆို​ကြ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က​ဆွဲ​ယူ၍၊ နို့​စို့​သည်​ကာ​လ၌ စိုး​ရိမ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​တော်​မူ၏။ အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​အ​န္တ​ရာယ်​ရောက်​လု​နီး​ပါ​ပြီ။ မ​စ​သော​သူ​မ​ရှိ​ပါ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။