YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 21

21
အောင်​ပွဲ​အ​တွက်​ချီး​မွမ်း​ခြင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​သည် ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကြောင့် ဝမ်း​မြောက်၍၊ ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် အ​လွန်​ရွှင်​လန်း​ပါ၏။ 2သူ၏​နှုတ်​နှင့် ဆု​တောင်း​သည်​ကို ငြင်း​ပယ်​တော်​မ​မူ။ သူ၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား​တော်​မူ​ပြီ။ 3ကောင်း​မြတ်​သော မင်္ဂ​လာ​တို့​ကို အ​ဦး​ပြု၍ ပေး​တော်​မူ​ပြီ။ ရွှေ​စင်​သ​ရ​ဖူ​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်​တော်​မူ​ပြီ။ 4သူ​သည် အ​သက်​ကို​ဆု​တောင်း၍၊ ကိုယ်​တော်​သည် အ​သက်​မ​က၊ ထာ​ဝ​ရ​အ​သက်​ကို ပေး​သ​နား​တော်​မူ​ပြီ။ 5ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် သူ​သည်​ဘုန်း​ကြီး၍၊ လက်​တော်​မှ ဂုဏ်​အ​သ​ရေ​နှင့် တန်​ခိုး​အာ​နု​ဘော်​ကို ခံ​ရ​ပါ၏။ 6ကိုယ်​တော်​သည် သူ့​ကို ထာ​ဝ​ရ​မင်္ဂ​လာ​အ​ရာ၌​ခန့်​ထား၍၊ မျက်​နှာ​တော်​အား​ဖြင့် အ​လွန်​ဝမ်း​မြောက်​စေ​တော်​မူ၏။ 7အ​ကြောင်း​မူ​ကား၊ မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏​က​ရု​ဏာ​တော်​ကြောင့် တည်​ကြည်​တတ်​ပါ၏။
8ကိုယ်​တော်၏​လက်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို​တွေ့၍၊ ကိုယ်​တော်​ကို​မုန်း​သော သူ​တို့​ကို လက်​ယာ​လက်​တော်​သည် တွေ့​တော်​မူ​မည်။ 9အ​မျက်​တော်​ထွက်​သော​ကာ​လ၌ သူ​တို့​ကို မီး​ဖို​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​အား​ဖြင့် သူ​တို့​ကို မျို​တော်​မူ၍၊ မီး​သည်​လည်း လောင်​စား​ပါ​လိမ့်​မည်။ 10သူ​တို့​အ​မျိုး​အ​နွယ်​ကို မြေ​ကြီး​မှ ပယ်​ရှင်း၍၊ သား​စဉ်​မြေး​ဆက်​တို့​ကို လူ​မျိုး​ထဲ​က​ဖျက်​ဆီး​တော်​မူ​မည်။ 11အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်၍၊ မ​ကောင်း​သော​ပ​ရိ​ယာယ်​ကို ပြု​ကြ​ပါ​ပြီ။ သို့​ရာ​တွင် အ​ကြံ​မ​ထ​မြောက် ကြ​ပါ။ 12ထို​ကြောင့် သူ​တို့​မျက်​နှာ​တစ်​ဖက်၌ လေး​မြား​တို့​ကို​ရွယ်၍၊ သူ​တို့​ကျော​ကို လှည့်​စေ​တော်​မူ​မည်။ 13အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စွမ်း​တန်​ခိုး​တော်​အား​ဖြင့် ချီး​မြှောက်​ခြင်း ရှိ​တော်​မူ​စေ​သ​တည်း။ အ​ကျွန်ုပ်​တို့​သည် တန်​ခိုး​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​ပါ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ