YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 19:1-6

ဆာလံ 19:1-6 JBMLE

မိုး​ကောင်း​ကင်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​အ​သ​ရေ​တော်​ကို ကြား​ပြော၍၊ မိုး​မျက်​နှာ​ကြက်​သည် လက်​တော်​နှင့်​လုပ်​သော​အ​ရာ​များ​ကို ပြ​သ၏။ တစ်​နေ့​ကို​တစ်​နေ့ မြွက်​ဆို၍၊ တစ်​ည​ကို​တစ်​ည သွန်​သင်၏။ နှုတ်​မြွက်​ခြင်း၊ စ​ကား​ပြော​ခြင်း​မ​ရှိ၊ သူ​တို့ နှုတ်​ထွက်​သံ​ကို​မ​ကြား​ရ​သော်​လည်း၊ သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌​နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ၏။ မိုး​ကောင်း​ကင်​တွင် နေ​ဗိ​မာန်​ကို​ထား​တော်​မူ​သ​ဖြင့်၊ နေ​သည်​အိပ်​ခန်း​ထဲ​က​ထွက်​လာ​သော မင်္ဂ​လာ​ဆောင်​လု​လင်​ကဲ့​သို့ ဖြစ်၍၊ ခွန်​အား​ကြီး​သော​သူ​ကဲ့​သို့ မိ​မိ​သွား​ရာ​လမ်း​သို့​လိုက်​ပြေး​မည်​ဟု ဝမ်း​မြောက်​လျက်၊ မိုး​ကောင်း​ကင် တစ်​စွန်း​မှ​ထွက်​လာ၍၊ တစ်​စွန်း​တိုင်​အောင် လှည့်​ပတ်​သော​အား​ဖြင့်၊ သူ၏​အ​ပူ​အ​ရှိန်​မှ ကွယ်​လွတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။