YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 19:1-10

ဆာလံ 19:1-10 JBMLE

မိုး​ကောင်း​ကင်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​အ​သ​ရေ​တော်​ကို ကြား​ပြော၍၊ မိုး​မျက်​နှာ​ကြက်​သည် လက်​တော်​နှင့်​လုပ်​သော​အ​ရာ​များ​ကို ပြ​သ၏။ တစ်​နေ့​ကို​တစ်​နေ့ မြွက်​ဆို၍၊ တစ်​ည​ကို​တစ်​ည သွန်​သင်၏။ နှုတ်​မြွက်​ခြင်း၊ စ​ကား​ပြော​ခြင်း​မ​ရှိ၊ သူ​တို့ နှုတ်​ထွက်​သံ​ကို​မ​ကြား​ရ​သော်​လည်း၊ သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌​နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ၏။ မိုး​ကောင်း​ကင်​တွင် နေ​ဗိ​မာန်​ကို​ထား​တော်​မူ​သ​ဖြင့်၊ နေ​သည်​အိပ်​ခန်း​ထဲ​က​ထွက်​လာ​သော မင်္ဂ​လာ​ဆောင်​လု​လင်​ကဲ့​သို့ ဖြစ်၍၊ ခွန်​အား​ကြီး​သော​သူ​ကဲ့​သို့ မိ​မိ​သွား​ရာ​လမ်း​သို့​လိုက်​ပြေး​မည်​ဟု ဝမ်း​မြောက်​လျက်၊ မိုး​ကောင်း​ကင် တစ်​စွန်း​မှ​ထွက်​လာ၍၊ တစ်​စွန်း​တိုင်​အောင် လှည့်​ပတ်​သော​အား​ဖြင့်၊ သူ၏​အ​ပူ​အ​ရှိန်​မှ ကွယ်​လွတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် စုံ​လင်​သည်​ဖြစ်၍ စိတ်​ဝိ​ညာဉ်​ကို ပြု​ပြင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ သက်​သေ​ခံ​တော်​မူ​ချက်​သည် ဟုတ်​မှန်​သည်​ဖြစ်၍ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် သန့်​ရှင်း​သည်​ဖြစ်၍၊ ကာ​လ​အ​စဉ်​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား၏ စီ​ရင်​တော်​မူ​ချက်​တို့​သည် သ​စ္စာ​တ​ရား​နှင့်​ညီ၍၊ တ​ညီ​တ​ညွတ်​တည်း ဖြောင့်​မတ်​ကြ၏။ ရွှေ​ထက်​မ​က၊ များ​စွာ​သော​ရွှေ​စင်​ထက် နှစ်​သက်​ဖွယ်​ဖြစ်၍၊ ပျား​ရည်​ထက်​မ​က၊ ပျား​လ​ပို့​ထက်​ချို​ကြ၏။