YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 18:20-27

ဆာလံ 18:20-27 JBMLE

ငါ​ဖြောင့်​မတ်​ခြင်း​ရှိ​သည်​အ​လျောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျိုး​ကို​ပေး၍၊ ငါ့​လက်​စင်​ကြယ်​ခြင်း၏​အ​ကျိုး​ကို စီ​ရင်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ အ​စဉ်​လိုက်၏။ ငါ၏​ဘု​ရား​သ​ခင့်​ထံ​မှ ပြစ်​မှား၍​မ​သွား။ စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​ကို ငါ​သည် မျက်​မှောက်​ပြု၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​မ​ပယ်၊ ရှေ့​တော်​မှာ​ဖြောင့်​မတ်၍၊ ကိုယ်​ဒု​စ​ရိုက်​ကို ကြဉ်​ရှောင်၏။ ထို​ကြောင့် ရှေ့​တော်​မှာ​ထင်​ရှား​သော ငါ၏​ဖြောင့်​မတ်​ခြင်း၊ လက်​စင်​ကြယ်​ခြင်း​ရှိ​သည်​နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​အ​ကျိုး​ကို​ပေး​တော်​မူ​ပြီ။ သ​နား​တတ်​သော​သူ​အား ကိုယ်​တော်​သည် သ​နား​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​အား ဖြောင့်​မတ်​ခြင်း သ​ဘော​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ကိုယ်​တော်​သည်​ကယ်​တင်၍၊ ထောင်​လွှား​သော မျက်​နှာ​ကို​မူ​ကား ရှုတ်​ချ​တော်​မူ၏။