YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 141:1-4

ဆာလံ 141:1-4 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ လက်​ကို​ချီ​ခြင်း​သည် ညဉ့်​ဦး​ယံ ပူ​ဇော်​သ​ကာ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ပြင်​ဆင်​လျက်​ရှိ​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​နှုတ်​ရှေ့​မှာ ကင်း​ကို​ထား​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​နှုတ်​ခမ်း​တံ​ခါး​ကို စောင့်​တော်​မူ​ပါ။ ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ပါ၍၊ မ​တ​ရား​သော​အ​မှု၊ ဒု​စ​ရိုက်​အ​မျိုး​မျိုး၌ ကျင်​လည်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ကို မ​ကောင်း​သော​အ​မှု​အ​ရာ​သို့ သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။ ထို​သူ​တို့၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​ကျွန်ုပ်​မ​စား​ပါ​စေ​နှင့်။