YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 130:1-8

ဆာလံ 130:1-8 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ နက်​နဲ​ရာ​ထဲ​က ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို​ကြား၍၊ အ​ကျွန်ုပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဒု​စ​ရိုက်​အ​ပြစ်​များ​ကို မှတ်​တော်​မူ​လျှင် အ​ဘယ်​သူ​သည် ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ကို ကြောက်​ရွံ့​စ​ရာ​အ​ကြောင်း ရှိ​စေ​ခြင်း​ငှာ၊ အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို ပိုင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​စောင့်​လျက်​နေ၏။ ငါ့​ဝိ​ညာဉ်​သည် စောင့်​လျက်​နေ၏။ နှုတ်​က​ပတ်​တော်​ကို ငါ​မျှော်​လင့်၏။ နံ​နက်​ကို​မျှော်​လင့်​သော သူ​တို့​ထက်​မ​က၊ ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​ရှင်​ကို​မျှော်​လင့်​လျက်​နေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​က​ရု​ဏာ​ရှိ၏။ များ​စွာ​သော ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​အ​ထဲ​က ရွေး​နုတ်​တော်​မူ​လိမ့်​မည်။