YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 125:1-5

ဆာလံ 125:1-5 JBMLE

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​တို့​သည် မ​တုန်​မ​လှုပ်၊ အ​စဉ်​အ​မြဲ​တည်​သော ဇိ​အုန်​တောင်​ကဲ့​သို့ ဖြစ်​ကြ၏။ တောင်​ရိုး​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဝန်း​ရံ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ယ​ခု​မှ​စ၍၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်း​ရံ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​သည် ဒု​စ​ရိုက်​ကို ပြု​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့၏​လှံ​တံ​သည် ဖြောင့်​မတ်​သော​သူ​တို့၏ အ​မွေ​ခံ​ရာ​အ​ဖို့​အ​ပေါ်​မှာ မ​တည်​မ​နေ​ရ။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​သော​သူ၊ သ​ဘော​ဖြောင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ပါ။ ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။