YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 12

12
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ။ သူ​တော်​ကောင်း​မျိုး​သည်​ပြတ်၍ သ​စ္စာ​ရှိ​သော​လူ​မျိုး​သည် လူ​သား​တို့​တွင် ကွယ်​ပျောက်​ပါ၏။ 2အိမ်​နီး​ချင်း​တို့​သည် တစ်​ဦး​ကို​တစ်​ဦး မု​သား​သုံး၍ ချော့​မော့​သော​နှုတ်​ခမ်း၊ နှစ်​ခွ​သော​စိတ်​နှင့် ပြော​တတ်​ကြ​ပါ၏။ 3-4ငါ​တို့​သည် ကိုယ်​လျှာ​အား​ဖြင့်​နိုင်​မည်။ ကိုယ်​နှုတ်​ခမ်း​သည် ကိုယ်​အ​မှု​ကို​စောင့်​လိမ့်​မည်။ ငါ​တို့၏​သ​ခင်​ကား အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​သော​သူ​တို့၏ ချော့​မော့​သော​နှုတ်​ခမ်း​နှင့် ဝါ​ကြွား​သော​လျှာ​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဖြတ်​တော်​မူ​မည်။ 5ဆင်း​ရဲ​သော​သူ​သည် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း၊ ငတ်​မွတ်​သော​သူ၏ ငို​ကြွေး​ခြင်း​ကြောင့် ယ​ခု​ငါ​ထ​မည်။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​သူ​အား ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
6ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ချက်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ၍ မြေ​နှင့်​ကင်း​စင်​စေ​ခြင်း​ငှာ၊ မိုက်၌​ခု​နစ်​ကြိမ်​စစ်​သော ငွေ​ကဲ့​သို့​ဖြစ်​ကြ၏။ 7အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထို​သူ​တို့​ကို ဤ​လူ​မျိုး​မှ အ​စဉ်​ကာ​ကွယ် စောင့်​မ​တော်​မူ​မည်။ 8ဆိုး​ယုတ်​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့​ရောက်​သည်​ကာ​လ၊ မ​တ​ရား​သော​သူ​တို့​သည် အ​ရပ်​ရပ် လှည့်​လည်​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ