YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:65-72

ဆာလံ 119:65-72 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်၌ ကျေး​ဇူး​ပြု​တော်​မူ​၏။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​ယုံ​ကြည်​သည်​ဖြစ်၍၊ ကောင်း​သော​ဉာဏ်​နှင့် ပ​ညာ​တော်​အ​တတ်​ကို သွင်း​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​မ​ခံ​မီ လမ်း​လွဲ​ပါ၏။ ယ​ခု​မူ​ကား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကျင့်​စောင့်​ပါ၏။ ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ မု​သား​စ​ကား​ကို ကြံ​စည်​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​ပါ၏။ သူ​တို့​နှ​လုံး​သည် ဆီ​ဥ​ကဲ့​သို့ ခဲ​လျက်​ရှိ၏။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​သော ကျေး​ဇူး​သည် ကြီး​ပါ၏။ နှုတ်​တော်​ထွက် တ​ရား​တော်​သည် ရွှေ​ငွေ​အ​ထောင်​အ​သောင်း​ထက်​မ​က၊ အ​ကျွန်ုပ်၌ သာ၍​ကောင်း​ပါ၏။