YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:25-28

ဆာလံ 119:25-28 JBMLE

အ​ကျွန်ုပ်၏​အ​သက်​သည် မြေ​မှုန့်၌ မှီ​ဝဲ​လျက်​ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​အ​ကျင့်​တို့​ကို​ဖော်​ပြ၍၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​ပြီ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​လမ်း​ကို အ​ကျွန်ုပ်​နား​လည်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။ အ​ကျွန်ုပ် ဝမ်း​နည်း​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​အ​ရည်​ယို​လျက် ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း တည်​ကြည်​စေ​တော်​မူ​ပါ။