YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:145-160

ဆာလံ 119:145-160 JBMLE

အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​အော်​ဟစ်​ပါ​၏။ အို​ထာ​ဝ​ရ​ဘု​ရား နား​ထောင်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို စောင့်​ပါ​မည်။ ကိုယ်​တော်​ကို အော်​ဟစ်​ပါ၏။ ကယ်​တင်​တော်​မူ​ပါ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်။ မိုး​မ​လင်း​မီ အ​ကျွန်ုပ် အော်​ဟစ်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ ဗျာ​ဒိတ်​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​လို​သော​ငှာ၊ ညဉ့်​ယံ​မ​လွန်​မီ အ​ကျွန်ုပ်​နိုး​တတ်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ မ​ကောင်း​သော​အ​ကြံ​အ​စည်၌ ကျင်​လည်​သော သူ​တို့​သည် အ​နီး​သို့​ချဉ်း​ကြ​ပါ၏။ သူ​တို့​သည် ကိုယ်​တော်၏​တ​ရား​နှင့် ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နီး​တော်​မူ၏။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​ဖြစ်​ကြ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​စဉ်​အ​မြဲ​ထား​တော်​မူ​ကြောင်း​ကို၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​တ​ရား​ကို မ​မေ့​မ​လျော့​ပါ။ အ​ကျွန်ုပ်​အ​မှု​ကို​စောင့်၍ အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​ရှာ​သော​ကြောင့်၊ ကယ်​တင်​ခြင်း​နှင့် ဝေး​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သ​နား​စုံ​မက်​တော်​မူ​ခြင်း သ​ဘော​သည် ကြွယ်​ဝ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​နှင့် ရန်​ဘက်​ပြု​သော​သူ​တို့​သည် များ​ကြ​ပါ၏။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​မှ လွှဲ၍​မ​သွား​ပါ။ သ​စ္စာ​မ​ရှိ​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မြင်၍ စိတ်​နာ​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဗျာ​ဒိတ်​တော်​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ၏။ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​နှစ်​သက်​ကြောင်း​ကို မှတ်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နှုတ်​က​ပတ်​တော်​အ​လုံး​စုံ​တို့​သည် ဟုတ်​မှန်​ပါ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​အ​မြဲ တည်​ကြ​ပါ၏။