YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:121-144

ဆာလံ 119:121-144 JBMLE

အ​ကျွန်ုပ်​သည် တ​ရား​ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ပြု​ပါ​ပြီ။ ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ အ​ကျွန်ုပ်​ကို ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏ ကျွန်​အ​ဖို့​အ​လို​ငှာ အာ​မ​ခံ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို မ​နှိပ်​စက်​ကြ​ပါ​စေ​နှင့်။ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​နှင့် ယှဉ်​သော ဗျာ​ဒိတ်​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​သည်​မျှော်၍ အား​ကုန်​ပါ​ပြီ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​ကျွန်၌​ပြု၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို နား​လည်​နိုင်​သော ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချိန် ရောက်​ပါ​ပြီ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို ပယ်​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက် သာ၍ နှစ်​သက်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​အ​လုံး​စုံ​တို့​သည် ဖြောင့်​ကြ​သည်​ဟု ထင်​မှတ်​လျက်၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ရှောက်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​တောင့်​တ​အား​ကြီး​သ​ဖြင့်၊ နှုတ်​ကို​ဖွင့်၍ ပန်း​ဟိုက်​ပါ၏။ နာ​မ​တော်​ကို​ချစ်​သော သူ​တို့၌ ပြု​တော်​မူ​တတ်​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို ကြည့်​ရှု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ မိန့်​တော်​မူ​ချက်​အ​စဉ်​အ​တိုင်း အ​ကျွန်ုပ်​ခြေ​လှမ်း​တို့​ကို ဖြောင့်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ဘယ်​မည်​သော ဒု​စ​ရိုက်​မျှ အ​စိုး​မ​ရ​ပါ​စေ​နှင့်။ လူ​တို့၏​ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​ပါ​မည်။ မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်​မှာ ထွန်း​လင်း​စေ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မတ်​ကြ​ပါ​၏။ ထား​တော်​မူ​သော သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည်​လည်း တ​ရား​နှင့်​ညီ၍ သ​စ္စာ​မြဲ​ကြ​ပါ၏။ ရန်​သူ​တို့​သည် စ​ကား​တော်​တို့​ကို မေ့​လျော့​သော​ကြောင့်၊ စွဲ​လန်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ပါ​၏။ နှုတ်​က​ပတ်​တော်​သည် အ​လွန်​စင်​ကြယ်​သည်​ဖြစ်၍၊ ကိုယ်​တော်၏​ကျွန်​သည် နှစ်​သက်​ပါ၏။ အ​ကျွန်ုပ်​သည် ငယ်​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို မ​မေ့​မ​လျော့​ပါ။ ဖြောင့်​မတ်​တော်​မူ​ခြင်း​သည် နိ​စ္စ​ထာ​ဝ​ရ​ဖြောင့်​မတ်​ခြင်း​ဖြစ်​ပါ၏။ ကိုယ်​တော်၏​တ​ရား​သည် သ​စ္စာ​တ​ရား​ဖြစ်​ပါ၏။ ဆင်း​ရဲ​ညှိုး​ငယ်​ခြင်း​သို့ ရောက်​သော်​လည်း၊ ပ​ညတ်​တော်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​စဉ်​အ​မြဲ ဖြောင့်​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​သ​နား​တော်​မူ​ပါ။