YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:113-136

ဆာလံ 119:113-136 JBMLE

အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​လူ​တို့​ကို မုန်း​၍၊ ကိုယ်​တော်၏​တ​ရား​ကို နှစ်​သက်​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ၊ အ​ကျွန်ုပ်၏​ဒိုင်း​လွှား ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စော​င့်​မည်။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ မိန့်​တော်​မူ​ချက်​အ​တိုင်း ထောက်​မ​တော်​မူ​ပါ။ အ​ကျွန်ုပ် မျှော်​လင့်​ခြင်း​အ​ကြောင်း​မှ မ​ရှက်​မ​ကြောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သည် ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း မ​စ​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ ထောက်​ရှု​ပါ​မည်။ အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ လွှဲ​သွား​သ​မျှ​သော​သူ​တို့​ကို ပယ်​တော်​မူ၏။ သူ​တို့​ပ​ရိ​ယာယ်​သည် မု​သား​ဖြစ်​ပါ၏။ မ​တ​ရား​သော မြေ​သား​အ​ပေါင်း​တို့​ကို ချော်​ကဲ့​သို့ မှတ်​တော်​မူ၏။ ထို​ကြောင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။ ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။ အ​ကျွန်ုပ်​သည် တ​ရား​ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ပြု​ပါ​ပြီ။ ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ အ​ကျွန်ုပ်​ကို ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏ ကျွန်​အ​ဖို့​အ​လို​ငှာ အာ​မ​ခံ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို မ​နှိပ်​စက်​ကြ​ပါ​စေ​နှင့်။ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​နှင့် ယှဉ်​သော ဗျာ​ဒိတ်​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​သည်​မျှော်၍ အား​ကုန်​ပါ​ပြီ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​ကျွန်၌​ပြု၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို နား​လည်​နိုင်​သော ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချိန် ရောက်​ပါ​ပြီ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို ပယ်​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက် သာ၍ နှစ်​သက်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​အ​လုံး​စုံ​တို့​သည် ဖြောင့်​ကြ​သည်​ဟု ထင်​မှတ်​လျက်၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ရှောက်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​တောင့်​တ​အား​ကြီး​သ​ဖြင့်၊ နှုတ်​ကို​ဖွင့်၍ ပန်း​ဟိုက်​ပါ၏။ နာ​မ​တော်​ကို​ချစ်​သော သူ​တို့၌ ပြု​တော်​မူ​တတ်​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို ကြည့်​ရှု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ မိန့်​တော်​မူ​ချက်​အ​စဉ်​အ​တိုင်း အ​ကျွန်ုပ်​ခြေ​လှမ်း​တို့​ကို ဖြောင့်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ဘယ်​မည်​သော ဒု​စ​ရိုက်​မျှ အ​စိုး​မ​ရ​ပါ​စေ​နှင့်။ လူ​တို့၏​ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​ပါ​မည်။ မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်​မှာ ထွန်း​လင်း​စေ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။