YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:1-40

ဆာလံ 119:1-40 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း၌ မ​လွဲ​မ​တိမ်း၊ လိုက်​သွား​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်၍၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ လမ်း​ခ​ရီး​တော်၌ လိုက်​သွား​တတ်​ကြ​၏။ အ​ကျွန်ုပ်​တို့​သည် ကြိုး​စား၍ ကျင့်​ဖို့​ရာ၊ ကိုယ်​တော်​သည် ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ။ ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ထောက်​ထား​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ရ​ပါ​၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​များ​ကို အ​ကျွန်ုပ်​လေ့​ကျက်​ပြီး​မှ၊ ဂုဏ်​တော်​ကို ဖြောင့်​သော​သ​ဘော​နှင့် ချီး​မွမ်း​ပါ​မည်။ ကိုယ်​တော်၏ အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​ပါ​မည်။ အ​ကျွန်ုပ်​ကို ရှင်း​ရှင်း စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်​၌ သွန်​သင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ရာ နှုတ်​တော်​ထွက် အ​လုံး​စုံ​တို့​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​နှင့် ဟော​ပြော​ပါ​၏။ ခပ်​သိမ်း​သော စည်း​စိမ်​ဥ​စ္စာ​ကို​ရ​ဘိ​သ​ကဲ့​သို့၊ သက်​သေ​ခံ​တော်​မူ​ရာ​လမ်း၌ ဝမ်း​မြောက်​ပါ​၏။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​ကို​ဆင်​ခြင်၍ လမ်း​ခ​ရီး​တော်​တို့​ကို ကြည့်​ရှု​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့၌ မွေ့​လျော်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မ​မှတ်​ဘဲ​မ​နေ​ပါ။ ကိုယ်​တော်၏​ကျွန်​သည် အ​သက်​ရှင်၍၊ နှုတ်​က​ပတ်​တော်​ကို စောင့်​နိုင်​ပါ​မည်​အ​ကြောင်း၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ။ တ​ရား​တော်၌ အံ့​ဖွယ်​သော​အ​ရာ​တို့​ကို မြင်​နိုင်​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​မျက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ဧည့်​သည်​ဖြစ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို ဝှက်​ထား​တော်​မ​မူ​ပါ​နှင့်။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​စဉ်​မ​ပြတ် တောင့်​တ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်၏ စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။ မာ​န​ကြီး​သော​သူ​နှင့် ပ​ညတ်​တော်​တို့​ကို လွန်​ကျူး၍၊ အ​ကျိန်​ခံ​ရ​သော သူ​တို့​ကို ကိုယ်​တော် ဆုံး​မ​တော်​မူ၏။ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​သည်​ဖြစ်၍၊ ကဲ့​ရဲ့​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် ကင်း​လွတ်​စေ​တော်​မူ​ပါ။ မင်း​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ထိုင်၍ ပြော​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လျက်​နေ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ၊ အ​ကျွန်ုပ်​တိုင်​ပင်​ရာ ဖြစ်​ကြ​ပါ၏။ အ​ကျွန်ုပ်၏​အ​သက်​သည် မြေ​မှုန့်၌ မှီ​ဝဲ​လျက်​ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​အ​ကျင့်​တို့​ကို​ဖော်​ပြ၍၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​ပြီ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​လမ်း​ကို အ​ကျွန်ုပ်​နား​လည်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။ အ​ကျွန်ုပ် ဝမ်း​နည်း​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​အ​ရည်​ယို​လျက် ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း တည်​ကြည်​စေ​တော်​မူ​ပါ။ မု​သား​လမ်း​ကို အ​ကျွန်ုပ်​ရှောင်​ပါ​မည်​အ​ကြောင်း၊ ကယ်​မ၍​တ​ရား​တော်​ကို ပေး​သ​နား​တော်​မူ​ပါ။ သ​စ္စာ​လမ်း​ကို အ​ကျွန်ုပ်​ရွေး​ပါ​ပြီ။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ရှေ့​မှာ ထား​ပါ​ပြီ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့၌ မှီ​ဝဲ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ဉာဏ်​ကို ပွင့်​စေ​တော်​မူ​သည်​ဖြစ်၍၊ ပ​ညတ်​တော်​လမ်း​သို့ အ​လျင်​အ​မြန် လိုက်​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ထုံး​အ​ဖွဲ့​တော်​လမ်း​ကို အ​ကျွန်ုပ်​အား သွန်​သင်​တော်​မူ​ပါ။ အ​ဆုံး​တိုင်​အောင် လိုက်​သွား​ပါ​မည်။ ဉာဏ်​ကို ပေး​တော်​မူ​ပါ။ တ​ရား​တော်​ကို စောင့်​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ပါ​မည်။ ပ​ညတ်​တော်​လမ်း​၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။ ထို​လမ်း​ကို​နှစ်​သက်​ပါ၏။ အ​ကျွန်ုပ်​စိတ်​နှ​လုံး​ကို လော​ဘ​ဘက်​သို့​မ​ဟုတ်၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။ အ​န​တ္တ​ကို ပ​မာ​ဏ​မ​ပြု​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​မျက်​စိ​ကို အ​ခြား​သို့​လွှဲ​တော်​မူ​ပါ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​အ​သက်​ရှင်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော ကိုယ်​တော်၏​ကျွန်၌ ဗျာ​ဒိတ်​တော်​ကို တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကြောက်​သော​ကဲ့​ရဲ့​ခြင်း​ကို ပယ်​ပျောက်​စေ​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ကောင်း​မွန်​ကြ​ပါ၏။ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို တောင့်​တ​ပါ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။

​ဆာလံ 119:1-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။