YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 118:1-13

ဆာလံ 118:1-13 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​ဝန်​ခံ​စေ။ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု အာ​ရုန်​အ​နွယ်​ဝန်​ခံ​စေ။ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော သူ​တို့​သည် ဝန်​ခံ​ကြ​စေ။ ငါ​သည် ကျဉ်း​မြောင်း​ရာ​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျယ်​ဝန်း​သော အ​ရပ်​ထဲ​သို့ သွင်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်​မှာ​ရှိ​တော်​မူ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်၌ မ​စ​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို မုန်း​သော​သူ​တို့၌ ငါ့​အ​လို ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည်၊ လူ​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။ ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည် မင်း​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။ လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​ကို​ဝိုင်း​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ ငါ့​ကို ဝိုင်း​ကြ၏။ ဝိုင်း​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ ပျား​များ​ကဲ့​သို့ ငါ့​ကို​ဝိုင်း၍ အုံ​ကြ​သော်​လည်း၊ ဆူး​ပင်​ကို​လောင်​သော မီး​ကဲ့​သို့ ငြိမ်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ သင်​သည် ငါ့​ကို​လှဲ​ခြင်း​ငှာ ပြင်း​ထန်​စွာ တွန်း​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ၏။