YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 118

118
အောင်​ပွဲ​အ​တွက်​ချီး​မွမ်း​သီ​ချင်း
1ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။#၅ ရာ၊ ၁၆:၃၄၊ ၆ ရာ၊ ၅:၁၃၊ ၇:၃၊ ဧဇ၊ ၃:၁၁၊ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၃၆:၁၊ ယေ၊ ၃၃:၁၁။ 2က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​ဝန်​ခံ​စေ။ 3က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု အာ​ရုန်​အ​နွယ်​ဝန်​ခံ​စေ။ 4က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော သူ​တို့​သည် ဝန်​ခံ​ကြ​စေ။
5ငါ​သည် ကျဉ်း​မြောင်း​ရာ​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျယ်​ဝန်း​သော အ​ရပ်​ထဲ​သို့ သွင်း​တော်​မူ၏။ 6ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်​မှာ​ရှိ​တော်​မူ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။#ဟေ​ဗြဲ၊ ၁၃:၆။ 7ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်၌ မ​စ​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို မုန်း​သော​သူ​တို့၌ ငါ့​အ​လို ပြည့်​စုံ​လိမ့်​မည်။ 8ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည်၊ လူ​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။ 9ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည် မင်း​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။ 10လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​ကို​ဝိုင်း​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ 11ငါ့​ကို ဝိုင်း​ကြ၏။ ဝိုင်း​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ 12ပျား​များ​ကဲ့​သို့ ငါ့​ကို​ဝိုင်း၍ အုံ​ကြ​သော်​လည်း၊ ဆူး​ပင်​ကို​လောင်​သော မီး​ကဲ့​သို့ ငြိမ်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။ 13သင်​သည် ငါ့​ကို​လှဲ​ခြင်း​ငှာ ပြင်း​ထန်​စွာ တွန်း​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ၏။ 14ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ရာ​အ​ကြောင်း၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။#ထွ၊ ၁၅:၂၊ ဟေရှာ၊ ၁၂:၂။ 15ဖြောင့်​မတ်​သော သူ​တို့၏​နေ​ရာ၌ ဝမ်း​မြောက်​ခြင်း​အ​သံ​နှင့် ကယ်​တင်​ခြင်း​အ​သံ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။ 16ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ချီး​မြှင့်​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။ 17ငါ​မ​သေ​ရ​သေး။ အ​သက်​ရှင်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​တို့​ကို ကြား​ပြော​ရ​ဦး​မည်။ 18ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကျပ်​တည်း​စွာ ဆုံး​မ​သော်​လည်း၊ သေ​ခြင်း၌ အပ်​တော်​မ​မူ​သေး။
19ဖြောင့်​မတ်​ခြင်း​တံ​ခါး​တို့​ကို ငါ့​အား​ဖွင့်​ကြ။ ငါ​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​မည်။ 20ဤ​တံ​ခါး​သည် ထာ​ဝ​ရ​ဘု​ရား၏​တံ​ခါး​ဖြစ်၏။ ဖြောင့်​မတ်​သော သူ​တို့​သည် ဝင်​ရ​ကြ၏။ 21ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​စ​ကား​ကို နား​ထောင်၍၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ၏။ 22တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ပြန်၏။#လု၊ ၂၀:၁၇၊ တ၊ ၄:၁၁၊ ၁ ပေ၊ ၂:၇။ 23ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်၏။ ငါ​တို့​မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏။#မ၊ ၂၁:၄၂၊ မာ၊ ၁၂:၁၀-၁၁။ 24ဤ​နေ့​ရက်​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​နေ့​ရက်​ဖြစ်၍၊ ယ​နေ့ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့။ 25အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ၏။#မ၊ ၂၁:၉၊ မာ၊ ၁၁:၉၊ ယော၊ ၁၂:၁၃။ 26ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ကြ​ပါ၏။#မ၊ ၂၁:၉၊ ၂၃:၃၉၊ မာ၊ ၁၁:၉၊ လု၊ ၁၃:၃၅၊ ၁၉:၃၈၊ ယော၊ ၁၂:၁၃။ 27ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်၍၊ ငါ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၏။ ယဇ်​တင်​ရန် အ​ကောင်​ကို ယဇ်​ပ​လ္လင်​ဦး​ချို၌ ကြိုး​နှင့် ချည်​ကြ​လော့။ 28ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​ဖြစ်​တော်​မူ၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်၏​ဘု​ရား​ဖြစ်​တော်​မူ၍၊ ကိုယ်​တော်​ကို ချီး​မြှောက်​ပါ​မည်။ 29ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 118: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ