YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 116:1-8

ဆာလံ 116:1-8 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တောင်း​ပန်​ခြင်း​အ​သံ​ကို ကြား၍၊ ငါ့​ဘက်​သို့ နား​တော်​ကို လှည့်​တော်​မူ​သော​ကြောင့်၊ ငါ​နှစ်​သက်၏။ ငါ​အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​မည်။ သေ​ခြင်း​ကြိုး​တို့​သည် ငါ့​ကို​ဝိုင်း၍ မ​ရ​ဏ​နိုင်​ငံ​ဘေး​တို့​သည် ငါ့​ကို​ဖမ်း​မိ​သ​ဖြင့်၊ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​နှင့် ငါ​တွေ့​ကြုံ​ရ၏။ ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို ကယ်​နုတ်​တော်​မူ​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော သ​ဘော၊ ဖြောင့်​မတ်​သော သ​ဘော​ရှိ​တော်​မူ၏။ ငါ​တို့​ဘု​ရား​သ​ခင်​သည် က​ရု​ဏာ​စိတ်​ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရိုး​သား​သူ​တို့​ကို စောင့်​မ​တော်​မူ၏။ ငါ​သည် နှိမ့်​ချ​လျက်​ရှိ​သော​အ​ခါ ကယ်​တင်​တော်​မူ၏။ အို​ငါ့​ဝိ​ညာဉ်၊ သင်၏​ငြိမ်​ဝပ်​ရာ​သို့ ပြန်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ကို သေ​ခြင်း​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​ကို မျက်​ရည်​ကျ​ခြင်း​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​ခြေ​ကို​လည်း ထိ​မိ၍​လဲ​ခြင်း​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပြီ။