YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 116:1-19

ဆာလံ 116:1-19 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တောင်း​ပန်​ခြင်း​အ​သံ​ကို ကြား၍၊ ငါ့​ဘက်​သို့ နား​တော်​ကို လှည့်​တော်​မူ​သော​ကြောင့်၊ ငါ​နှစ်​သက်၏။ ငါ​အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​မည်။ သေ​ခြင်း​ကြိုး​တို့​သည် ငါ့​ကို​ဝိုင်း၍ မ​ရ​ဏ​နိုင်​ငံ​ဘေး​တို့​သည် ငါ့​ကို​ဖမ်း​မိ​သ​ဖြင့်၊ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​နှင့် ငါ​တွေ့​ကြုံ​ရ၏။ ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို ကယ်​နုတ်​တော်​မူ​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော သ​ဘော၊ ဖြောင့်​မတ်​သော သ​ဘော​ရှိ​တော်​မူ၏။ ငါ​တို့​ဘု​ရား​သ​ခင်​သည် က​ရု​ဏာ​စိတ်​ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရိုး​သား​သူ​တို့​ကို စောင့်​မ​တော်​မူ၏။ ငါ​သည် နှိမ့်​ချ​လျက်​ရှိ​သော​အ​ခါ ကယ်​တင်​တော်​မူ၏။ အို​ငါ့​ဝိ​ညာဉ်၊ သင်၏​ငြိမ်​ဝပ်​ရာ​သို့ ပြန်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ကို သေ​ခြင်း​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​ကို မျက်​ရည်​ကျ​ခြင်း​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​ခြေ​ကို​လည်း ထိ​မိ၍​လဲ​ခြင်း​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပြီ။ သို့​ဖြစ်၍၊ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ငါ​ကျင့်၍ နေ​ရ၏။ ငါ​သည် အ​လွန်​ညှိုး​ငယ်​ခြင်း​ကို​ခံ​ရ၏​ဟု မြွက်​ဆို​သော်​လည်း၊ ယုံ​ကြည်​သော​စိတ်​ရှိ​သေး၏။ လူ​အ​ပေါင်း​တို့​သည် မု​သား​ကို​သုံး​တတ်​ကြ၏​ဟု သ​တိ​လစ်​လျက် ပြော​မိ၏။ ငါ၌ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​အ​လုံး​စုံ​တို့​ကို အ​ဘယ်​သို့ ဆပ်​ရ​မည်​နည်း။ ကယ်​တင်​ခြင်း​ခွက်​ဖ​လား​ကို ကိုင်​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။ ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ လူ​များ​ရှေ့၌ သ​စ္စာ​ဝတ်​ကို ဖြေ​မည်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​သန့်​ရှင်း​သူ​တို့၏ သေ​ခြင်း​အ​ရာ​သည် အ​ဖိုး​ကြီး​လှ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ ကျွန်​မှန်​ပါ၏။ ကိုယ်​တော်၏​ကျွန်​မ​တွင် မြင်​သော​သား​လည်း မှန်​ပါ၏။ အ​ကျွန်ုပ်၌ အ​ချည်​အ​နှောင်​ကို လွှတ်​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​ကို ရှေ့​တော်၌ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။ ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အို​ယေ​ရု​ရှ​လင်​မြို့၊ သင်၏​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တံ​တိုင်း​အ​တွင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ လူ​များ​ရှေ့၌ သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။ ဟာ​လေ​လု​ယ။