YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 113:1-9

ဆာလံ 113:1-9 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​တော်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။ ချီး​မွမ်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ယ​ခု​မှ​စ၍၊ အ​စဉ်​အ​ဆက် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ နေ​ထွက်​ရာ​မှ​သည် နေ​ဝင်​ရာ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ချီး​မွမ်း​ဖွယ်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​အ​ပေါ်၌​လည်း​ကောင်း၊ ဘုန်း​တော်​သည် ကောင်း​ကင်​အ​ပေါ်၌​လည်း​ကောင်း မြင့်​တော်​မူ၏။ ကိုယ်​ကို​ချီး​မြှင့်၍ ကျိန်း​ဝပ်​တော်​မူ​သော်​လည်း၊ ကိုယ်​ကို​နှိမ့်​ချ၍ ကောင်း​ကင်​အ​ရာ​နှင့် မြေ​ကြီး​အ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​ကြွ​လျက်၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​ချီး​မြှောက်​လျက်၊ မင်း​သား​တို့​တွင်​လည်း​ကောင်း၊ မိ​မိ​လူ​တို့​ကို အုပ်​စိုး​သော​မင်း​တို့​တွင်​လည်း​ကောင်း နေ​ရာ​ပေး​တော်​မူ၏။ မြုံ​သော​မိန်း​မ​သည် အိမ်၌​နေ၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဟာ​လေ​လု​ယ။