YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 105:16-24

ဆာလံ 105:16-24 JBMLE

တစ်​ဖန်​တုံ၊ ထို​ပြည်၌ မွတ်​သိပ်​ခြင်း​ဘေး​ကို​ခေါ်၍၊ အ​စာ​အာ​ဟာ​ရ​တည်း​ဟူ​သော အ​ထောက်​အ​ပင့်​ရှိ​သ​မျှ​ကို ချိုး​ဖျက်​တော်​မူ​သော​အ​ခါ၊ ကျွန်​ဖြစ်​စေ​ဖို့ အ​ရောင်း​ခံ​ရ​သော​ယော​သပ်​ကို သူ​တို့​ရှေ့​မှာ စေ​လွှတ်​တော်​မူ၏။ သူ့​ကို​ခြေ​ချင်း​ခတ်၍ သံ​နှင့် ညှဉ်း​ဆဲ​ကြ၏။ သူ၏​စ​ကား​မ​ပြည့်​စုံ​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း စုံ​စမ်း​ခြင်း​ကို​ခံ​ရ၏။ လူ​တို့​ကို အ​စိုး​ရ​သော​အ​ရှင်​တည်း​ဟူ​သော ရှင်​ဘု​ရင်​သည်​စေ​လွှတ်၍ သူ့​ကို​နုတ်​ပြီး​မှ ချမ်း​သာ​ပေး​တော်​မူ၏။ သူ​သည် မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း မင်း​အ​ရာ​ရှိ​တို့​ကို​ချည်​နှောင်၍၊ မှူး​တော်​မတ်​တော်​တို့​ကို ဆုံး​မ​ပိုင်​သော​အ​ခွင့်​နှင့် နန်း​တော်​အုပ်၊ နိုင်​ငံ​တော်​အုပ်​အ​ရာ၌ ထို​သူ​ကို ခန့်​ထား​တော်​မူ၏။ ဣ​သ​ရေ​လ​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ၍၊ ယာ​ကုပ်​သည် ဟာ​မ​အ​မျိုး​နေ​ရာ​ပြည်၌ တည်း​ခို၏။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​တို့​ကို​အ​လွန်​များ​ပြား​စေ၍၊ ရန်​သူ​တို့​ထက် အား​ကြီး​စေ​တော်​မူ၏။