YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 103:6-18

ဆာလံ 103:6-18 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သ​မျှ​သော​သူ​တို့​အ​ဖို့ တ​ရား​ပေး၍ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။ ဘာ​သာ​ဓ​လေ့​တော်​တို့​ကို မော​ရှေ၌​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​သော အ​မှု​အ​ရာ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​လည်း​ကောင်း ပြ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ စိတ်​ရှည်၍၊ က​ရု​ဏာ​ကြွယ်​ဝ​သော​သ​ဘော ရှိ​တော်​မူ၏။ အ​စဉ်​မ​ပြတ် အ​ပြစ်​တင်​တော်​မူ​သည် မ​ဟုတ်။ အ​ငြိုး​ကို အ​မြဲ​ထား​တော်​မူ​သည် မ​ဟုတ်။ ငါ​တို့​ပြစ်​မှား​ခြင်း​နှင့် အ​လျောက် ငါ​တို့၌​ပြု​တော်​မ​မူ​တတ်။ ငါ​တို့၌ ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း အ​ပြစ်​ကို ပေး​တော်​မ​မူ​တတ်၊ မြေ​ကြီး​ပေါ်​တွင် ကောင်း​ကင်​အ​မြင့်​ရှိ​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၌ က​ရု​ဏာ​တော်​သည် အား​ကြီး​ပေ၏။ အ​ရှေ့​မျက်​နှာ​စွန်း​သည် အ​နောက်​မျက်​နှာ​စွန်း​နှင့် ဝေး​သည်​အ​တိုင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ငါ​တို့​နှင့် ဝေး​စေ​တော်​မူ၏။ အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ကိုယ်​ခ​န္ဓာ​ကို သိ​တော်​မူ၏။ ငါ​တို့​သည် မြေ​မှုန့်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ၏။ လူ​တို့၏​နေ့​ရက်​ကာ​လ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​သည်​လယ်​ပြင်၌​ရှိ​သော ပန်း​ပွင့်​ကဲ့​သို့ ပွင့်​တတ်၏။ လေ​သည်​လွန်​သွား​လျှင် အ​ပွင့်​ပျောက်၍၊ သူ၏​နေ​ရာ​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရာ။ ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။ သ​စ္စာ​တော်​ကို​စောင့်၍ ပ​ညတ်​တော်​တို့​ကို​ကျင့်​ခြင်း​ငှာ၊ သ​တိ​ပြု​သော​သူ​တို့၏ သား​စဉ်​မြေး​ဆက်​တို့​သည် ကု​သ​လ​တ​ရား​တော်​နှင့် ဆိုင်​ရ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။