YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 103:1-13

ဆာလံ 103:1-13 JBMLE

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ငါ၏​အ​ထဲ​မှာ​ရှိ​သ​မျှ​တို့၊ သန့်​ရှင်း​သော​နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။ သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။ သင်၏​အ​သက်​ကို ဖျက်​ဆီး​ခြင်း​ထဲ​က​ရွေး၍ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​များ​နှင့် သင်၏​ခေါင်း​ကို ပတ်​ရစ်​တော်​မူ၏။ သင့်​ကို​အ​သက်​ကြီး​စဉ်၊ ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​စေ​တော်​မူ​သ​ဖြင့်၊ သင်၏​အ​ရွယ်​သည် ရွှေ​လင်း​တ၏​အ​ရွယ်​ကဲ့​သို့ ပြု​ပြင်​ခြင်း​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သ​မျှ​သော​သူ​တို့​အ​ဖို့ တ​ရား​ပေး၍ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။ ဘာ​သာ​ဓ​လေ့​တော်​တို့​ကို မော​ရှေ၌​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​သော အ​မှု​အ​ရာ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​လည်း​ကောင်း ပြ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ စိတ်​ရှည်၍၊ က​ရု​ဏာ​ကြွယ်​ဝ​သော​သ​ဘော ရှိ​တော်​မူ၏။ အ​စဉ်​မ​ပြတ် အ​ပြစ်​တင်​တော်​မူ​သည် မ​ဟုတ်။ အ​ငြိုး​ကို အ​မြဲ​ထား​တော်​မူ​သည် မ​ဟုတ်။ ငါ​တို့​ပြစ်​မှား​ခြင်း​နှင့် အ​လျောက် ငါ​တို့၌​ပြု​တော်​မ​မူ​တတ်။ ငါ​တို့၌ ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း အ​ပြစ်​ကို ပေး​တော်​မ​မူ​တတ်၊ မြေ​ကြီး​ပေါ်​တွင် ကောင်း​ကင်​အ​မြင့်​ရှိ​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၌ က​ရု​ဏာ​တော်​သည် အား​ကြီး​ပေ၏။ အ​ရှေ့​မျက်​နှာ​စွန်း​သည် အ​နောက်​မျက်​နှာ​စွန်း​နှင့် ဝေး​သည်​အ​တိုင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ငါ​တို့​နှင့် ဝေး​စေ​တော်​မူ၏။ အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။