YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 9:13-18

သုတ္တံ 9:13-18 JBMLE

မိုက်​သော​မိန်း​မ​သည် စ​ကား​သံ​ကျယ်၍ ဉာဏ်​တိမ်​သ​ဖြင့် အ​လျှင်း​မ​သိ​တတ်။ မိ​မိ​အိမ်​တံ​ခါး​နား​တွင် မြို့​မြင့်​ရာ​အ​ရပ် အ​နေ​အ​ထိုင်​ပေါ်​မှာ​ထိုင်​လျက်၊ လမ်း၌​တည့်​တည့် ခ​ရီး​သွား​သော​သူ​တို့​ကို​ခေါ်၍၊ ဉာဏ်​တိမ်​သော​သူ​သည် ဤ​အ​ရပ်​သို့​ဝင်​စေ။ အို ပ​ညာ​မ​ရှိ​သော​သူ၊ ခိုး​သော​ရေ​သည်​ချို၏။ တိတ်​ဆိတ်​စွာ​စား​သော​မုန့်​လည်း​မြိန်​သည်​ဟု ဆို​တတ်၏။ ထို​အ​ရပ်၌ သင်္ချိုင်း​သား​ရှိ​ကြောင်း၊ ထို​မိန်း​မ၏​ဧည့်​သည်​တို့​သည် မ​ရ​ဏ​နိုင်​ငံ​အ​နက်​ဆုံး၌​နေ​ကြောင်း​ကို ထို​ယောက်ျား​သည် မ​သိ​မ​မှတ်။