YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 8:22-29

သုတ္တံ 8:22-29 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ရှေး​အ​မှု​တော်​ကို​မ​ပြု​မီ ထွက်​ကြွ​တော်​မူ​စ​က​ပင် ငါ့​ကို​ပိုင်​တော်​မူ၏။ မြေ​ကြီး​မ​ဖြစ်​မီ၊ ရှေ့​ဦး​စွာ​သော​ကာ​လ၊ အ​န​န္တ​ကာ​လ​မှ​စ၍ ငါ​သည် ဘိ​သိက်​ခံ​ပြီ။ နက်​နဲ​သော​ပင်​လယ်​မ​ဖြစ်၊ ရေ​နှင့်​ကြွယ်​ဝ​သော စမ်း​ရေ​တွင်း​မ​ဖြစ်​မီ ငါ့​ကို​ဖြစ်​ဖွား​စေ​တော်​မူ၏။ တောင်​ကြီး​မ​တည်၊ တောင်​ငယ်​မ​ဖြစ်​မီ၊ မြေ​ကြီး​နှင့် လယ်​တော​များ​ကို​မ​ဖန်​ဆင်း၊ အ​ဦး​ဆုံး​သော မြေ​မှုန့်​ကို​မျှ မ​ဖန်​ဆင်း​မီ၊ ငါ့​ကို​ဖြစ်​ဖွား​စေ​တော်​မူ၏။ မိုး​ကောင်း​ကင်​ကို ပြင်​တော်​မူ​သော​အ​ခါ ငါ​ရှိ၏။ သ​မု​ဒ္ဒ​ရာ​မျက်​နှာ​ပြင်ကို သတ်​မှတ်​သော​အ​မှု၊ အ​ထက်​မိုး​တိမ်​ကို တည်​စေ​သော​အ​မှု၊ နက်​နဲ​သော​အ​ရပ်၌ စမ်း​ရေ​ပေါက်​တို့​ကို ခိုင်​ခံ့​စေ​သော​အ​မှု၊ သ​မု​ဒ္ဒ​ရာ၌ ကန့်​ကွက်​သော အ​ပိုင်း​အ​ခြား​ကို ရေ​မ​လွှမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​သော​အ​မှု၊ မြေ​ကြီး​တိုက်​မြစ်​တည်​သော အ​မှု​တို့​ကို​ပြီး​စီး​စေ​တော်​မူ​သော​အ​ခါ၊

​သုတ္တံ 8:22-29 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။