YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 8:10-19

သုတ္တံ 8:10-19 JBMLE

ငွေ​အ​ရင်၊ ငါ့​နည်း​ကို​လည်း​ကောင်း၊ မြတ်​သော​ရွှေ​အ​ရင်၊ ပ​ညာ​အ​တတ်​ကို​လည်း​ကောင်း ခံ​ယူ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍​မြတ်၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။ ငါ့​ဉာဏ်​ပ​ညာ​သည် သ​မ္မာ​သ​တိ​နှင့်​ပေါင်း၍၊ လိ​မ္မာ​သော သိ​ပ္ပံ​အ​တတ်​များ​ကို​ဖော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။ အ​ကြံ​ပေး​နိုင်​သော​အ​ခွင့်​နှင့် ပ​ညာ​ရ​တ​နာ​သည် ငါ၌​ရှိ၏။ ငါ​သည် ဉာဏ်​ဖြစ်၍ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။ ငါ့​အား​ဖြင့် ရှင်​ဘု​ရင်​တို့​သည် စိုး​စံ​ရ​သော​အ​ခွင့်၊ မင်း​အ​ရာ​ရှိ​တို့​သည် ဆုံး​ဖြတ်​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ငါ့​အား​ဖြင့် မင်း​သား၊ မှူး​မတ်၊ တ​ရား​သူ​ကြီး​အ​ပေါင်း​တို့​သည် အ​စိုး​ရ​သော​အ​ခွင့်​ရှိ​ကြ၏။ ငါ့​ကို​ချစ်​သော သူ​တို့​ကို ငါ​ချစ်၏။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော​သူ​တို့​သည် တွေ့​တတ်​ကြ၏။ ငါ၌​စည်း​စိမ်​နှင့် ဂုဏ်​အ​သ​ရေ​ရှိ၏။ မြဲ​သော​စည်း​စိမ်​နှင့် ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ရှိ၏။ ငါ​ပေး​သော​အ​ကျိုး​သည် ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက်​သာ၍​မြတ်၏။ ငါ​ကြောင့်​ရ​သော အ​ခွန်​ဘ​ဏ္ဍာ သည် ငွေ​တော်​ထက်​သာ၍​မြတ်၏။

​သုတ္တံ 8:10-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။