YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 6:20-35

သုတ္တံ 6:20-35 JBMLE

ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။ နှ​လုံး​ပေါ်​မှာ အ​မြဲ​ချည်၍ လည်​ပင်း၌ ဆွဲ​ထား​လော့။ သင်​သည် အ​ခြား​သို့​သွား​သော​အ​ခါ၊ ထို​ပ​ညတ်​တ​ရား​သည် လမ်း​ပြ​လိမ့်​မည်။ အိပ်​သော​အ​ခါ သင့်​ကို​စောင့်​လိမ့်​မည်။ နိုး​သော​အ​ခါ သင်​နှင့် နှုတ်​ဆက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။ ဆိုး​သော မိန်း​မ​နှင့်​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ ချော့​မော့​တတ်​သော​နှုတ်​နှင့်​လည်း​ကောင်း လွတ်​စေ​ခြင်း​ငှာ၊ သင့်​ကို​စောင့်​ဖို့​ရာ ဖြစ်​သ​တည်း။ ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ပြည့်​တန်​ဆာ​မ​ကို မှီ​ဝဲ​သော​ယောက်ျား​သည် ဆင်း​ရဲ၍၊ မုန့်​တစ်​လုံး​ကို​သာ​ရ​တတ်၏။ မျောက်​မ​ထား​သော မိန်း​မ​သည်​လည်း မြတ်​သော​အ​သက်​ကို​ဖမ်း​တတ်၏။ လူ​သည် အ​ဝတ်​မ​လောင်​ဘဲ မီး​ကို ပိုက်​ဖက်​နိုင်​သ​လော။ ခြေ​မ​လောင်​ဘဲ မီး​ခဲ​ပေါ်​မှာ နင်း​နိုင်​သ​လော။ သူ့​မ​ယား​ထံ​သို့ ဝင်​သော​သူ​သည် ထို​နည်း​တူ​ဖြစ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့် မ​ကင်း​မ​လွတ်​နိုင်​ရာ၊ မွတ်​သိပ်​သော​စိတ်​ပြေ​စေ​ခြင်း​ငှာ၊ ခိုး​သော​သူ​ပင် အ​ပြစ်​မ​လွတ်​ရ။ တွေ့​မိ​လျှင် ခု​နစ်​ဆ​ပြန်​ပေး​ရ​မည်။ ကိုယ်​အိမ်၌ ရှိ​သ​မျှ​သော ဥ​စ္စာ​တို့​ကို လျော်​ရ​မည်။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​သည် ဉာဏ်​မ​ရှိ။ ထို​သို့ ပြု​သော​သူ​သည် မိ​မိ​အ​သက်​ကို ဖျက်​ဆီး​တတ်၏။ နာ​ကျင်​စွာ​ထိ​ခိုက်​ခြင်း​နှင့် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ၏​အ​ရှက်​ကွဲ​ခြင်း​သည် မ​ပြေ​နိုင်။ အ​ကြောင်း​မူ​ကား၊ ယောက်ျား​သည် မ​ယား​ကို​မ​ယုံ​သော​စိတ်​ရှိ​လျှင်၊ ပြင်း​ထန်​စွာ အ​မျက်​ထွက်​တတ်၏။ အ​ပြစ်​ပေး​ချိန် ရောက်​သော​အ​ခါ သ​နား​ခြင်း​မ​ရှိ​တတ်။ လျော်​ပြစ်​ငွေ​မည်​မျှ​ကို ပ​မာ​ဏ​မ​ပြု​တတ်။ များ​စွာ​သော​လက်​ဆောင်​တို့​ကို ပေး​သော်​လည်း စိတ်​မ​ပြေ​တတ်။