ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသော တရားကို မပယ်နှင့်။ နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။ သင်သည် အခြားသို့သွားသောအခါ၊ ထိုပညတ်တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကိုစောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက်လိမ့်မည်။ အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။ ဆိုးသော မိန်းမနှင့်လည်းကောင်း၊ အမျိုးပျက်သောမိန်းမ ချော့မော့တတ်သောနှုတ်နှင့်လည်းကောင်း လွတ်စေခြင်းငှာ၊ သင့်ကိုစောင့်ဖို့ရာ ဖြစ်သတည်း။ ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သောစိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကို မကျော့မိစေနှင့်။ အကြောင်းမူကား၊ ပြည့်တန်ဆာမကို မှီဝဲသောယောက်ျားသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကိုဖမ်းတတ်၏။ လူသည် အဝတ်မလောင်ဘဲ မီးကို ပိုက်ဖက်နိုင်သလော။ ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော။ သူ့မယားထံသို့ ဝင်သောသူသည် ထိုနည်းတူဖြစ်၏။ သူ့မယားကို ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့် မကင်းမလွတ်နိုင်ရာ၊ မွတ်သိပ်သောစိတ်ပြေစေခြင်းငှာ၊ ခိုးသောသူပင် အပြစ်မလွတ်ရ။ တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။ သူ့မယားကို ပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
သုတ္တံ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 6:20-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ