YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 5:1-8

သုတ္တံ 5:1-8 JBMLE

ငါ့​သား၊ သင်​သည် သ​မ္မာ​သ​တိ​ရှိ၍၊ သင့်၏​နှုတ်​ခမ်း​သည် သိ​ပ္ပံ​အ​တတ်​ကို စောင့်​မည်​အ​ကြောင်း၊ ငါ့​ပ​ညာ​ကို မှတ်​ကျုံး၍၊ ငါ​ပေး​သော​ဉာဏ်​သို့ သင့်​နား​ကို​လှည့်​လော့။ အ​ကြောင်း​မူ​ကား၊ အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့ ယို​တတ်၍၊ သူ​ပြော​သော​စ​ကား​သည် ဆီ​ထက်​ချော​သော်​လည်း၊ အ​ဆုံး၌​ကား၊ သူ​သည် ဘင်း​ခါး​ရွက်​ကဲ့​သို့​ခါး၍၊ သန်​လျက်​နှင့်​အ​မျှ ထက်၏။ သူ၏​ခြေ​တို့​သည် သေ​ခြင်း​သို့​ဆင်း၍၊ သူ​သွား​ရာ​လမ်း​သည် မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​တတ်၏။ သင်​သည် အ​သက်​လမ်း​ကို​မ​ဆင်​ခြင်​ရ​အောင်၊ သူ့​ထုံး​စံ​ဓ​လေ့​တို့​သည် တ​ရွေ့​ရွေ့​ပြောင်း​လဲ​သ​ဖြင့်၊ သင်​သည် နား​မ​လည်​နိုင်​ရ။ သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ​ဟော​ပြော​ချက်​တို့​ကို မ​ပယ်​ကြ​နှင့်။ ထို​သို့​သော​မိန်း​မ​ကို ဝေး​စွာ​ရှောင်​သွား​လော့။ သူ့​နေ​ရာ တံ​ခါး​ဝ​သို့​မ​ချဉ်း​နှင့်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။