ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ်ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာကို မှတ်ကျုံး၍၊ ငါပေးသောဉာဏ်သို့ သင့်နားကိုလှည့်လော့။ အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၍၊ သူပြောသောစကားသည် ဆီထက်ချောသော်လည်း၊ အဆုံး၌ကား၊ သူသည် ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။ သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွားရာလမ်းသည် မရဏနိုင်ငံသို့ ရောက်တတ်၏။ သင်သည် အသက်လမ်းကိုမဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။
သုတ္တံ 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 5:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ