YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 5:15-23

သုတ္တံ 5:15-23 JBMLE

ကိုယ်​ဆိုင်​သော ရေ​အိုး​ကို​သုံး၍၊ ကိုယ်​ရေ​တွင်း​ထဲ​က ထွက်​သော​စမ်း​ရေ​ကို သောက်​လော့။ သင်၏​စမ်း​ရေ​များ​ပြား၍၊ လမ်း​များ​အ​နား​မှာ စီး​သော​မြစ်​များ ဖြစ်​စေ​လော့။ တစ်​ပါး​အ​မျိုး​သား​နှင့် ပေါင်း​ဖက်၍ မ​ဆိုင်​စေ​ဘဲ၊ ကိုယ်​တစ်​ပါး​တည်း​သာ ဆိုင်​စေ​လော့။ သင်၏​စမ်း​ရေ​တွင်း၌ မင်္ဂ​လာ​ရှိ​စေ၍၊ အ​သက်​အ​ရွယ်​ပျို​စဉ်​ကာ​လ၊ ပေါင်း​ဖော်​သော မ​ယား​နှင့်​အ​တူ ပျော်​မွေ့​လော့။ သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။ ငါ့​သား၊ သင်​သည် အ​မျိုး​ပျက်​သော​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် ယစ်​မူး​သ​နည်း။ ပြည့်​တန်​ဆာ​မ၏​ရင်​ပတ်​ကို အ​ဘယ်​ကြောင့် ဖက်​ယမ်း​သ​နည်း။ လူ​သွား​လာ​သ​မျှ​သော​လမ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မျက်​မှောက်​တော်၌​ရှိ​ကြ၍၊ သွား​လာ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့​ကို စူး​စမ်း​တော်​မူ၏။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သူ​သည် အ​လွန်​မိုက်​သော​ကြောင့် မှား​ယွင်း၍၊ သွန်​သင်​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​သွား​ရ​လိမ့်​မည်။