YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 5

5
မ​စင်​ကြယ်​မှု​ကို​သ​တိ​ပေး​ခြင်း
1-2ငါ့​သား၊ သင်​သည် သ​မ္မာ​သ​တိ​ရှိ၍၊ သင့်၏​နှုတ်​ခမ်း​သည် သိ​ပ္ပံ​အ​တတ်​ကို စောင့်​မည်​အ​ကြောင်း၊ ငါ့​ပ​ညာ​ကို မှတ်​ကျုံး၍၊ ငါ​ပေး​သော​ဉာဏ်​သို့ သင့်​နား​ကို​လှည့်​လော့။ 3အ​ကြောင်း​မူ​ကား၊ အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့ ယို​တတ်၍၊ သူ​ပြော​သော​စ​ကား​သည် ဆီ​ထက်​ချော​သော်​လည်း၊ 4အ​ဆုံး၌​ကား၊ သူ​သည် ဘင်း​ခါး​ရွက်​ကဲ့​သို့​ခါး၍၊ သန်​လျက်​နှင့်​အ​မျှ ထက်၏။ 5သူ၏​ခြေ​တို့​သည် သေ​ခြင်း​သို့​ဆင်း၍၊ သူ​သွား​ရာ​လမ်း​သည် မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​တတ်၏။ 6သင်​သည် အ​သက်​လမ်း​ကို​မ​ဆင်​ခြင်​ရ​အောင်၊ သူ့​ထုံး​စံ​ဓ​လေ့​တို့​သည် တ​ရွေ့​ရွေ့​ပြောင်း​လဲ​သ​ဖြင့်၊ သင်​သည် နား​မ​လည်​နိုင်​ရ။ 7သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ​ဟော​ပြော​ချက်​တို့​ကို မ​ပယ်​ကြ​နှင့်။ 8ထို​သို့​သော​မိန်း​မ​ကို ဝေး​စွာ​ရှောင်​သွား​လော့။ သူ့​နေ​ရာ တံ​ခါး​ဝ​သို့​မ​ချဉ်း​နှင့်။ 9သို့​မ​ဟုတ် သင်​သည် ကိုယ်​ဂုဏ်​အ​သ​ရေ​ကို သူ​တစ်​ပါး၌​လည်း​ကောင်း၊ ကိုယ်​အ​သက်​ကို ကြမ်း​တမ်း​သော သူ​တို့၌​လည်း​ကောင်း​အပ်​လိမ့်​မည်။ 10တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​စည်း​စိမ်​နှင့် ပြည့်​ဝ​ကြ​လိမ့်​မည်။ သင်​လုပ်၍ ရ​သော​ဥ​စ္စာ​သည် တစ်​ပါး​အ​မျိုး​သား​အိမ်​သို့ ရောက်​လိမ့်​မည်။ 11နောက်​ဆုံး၌ သင့်​အ​သား၊ သင့်​ကိုယ်​ကာ​ယ​ဆွေး​မြေ့​သော​အ​ခါ၊ 12ငါ​သည် သွန်​သင်​ခြင်း​ကို မုန်း​လေ​ပြီ​တ​ကား။ ဆုံး​မ​ခြင်း​ကို စိတ်​နှ​လုံး​ထဲ​မှာ မ​ထီ​မဲ့​မြင်​ပြု​လေ​ပြီ​တ​ကား။ 13ငါ့​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​အား သွန်​သင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ခံ​ဘဲ​နေ​လေ​ပြီ​တ​ကား။ 14စည်း​ဝေး​သော​ပ​ရိသတ်​များ​အ​လယ်၌ ဒု​စ​ရိုက်​မျိုး​ကို ကုန်​စင်​လု​သည်​တိုင်​အောင် ငါ​ပြု​လေ​ပြီ​တ​ကား​ဟု မြည်​တမ်း​ရ​လိမ့်​မည်။
15ကိုယ်​ဆိုင်​သော ရေ​အိုး​ကို​သုံး၍၊ ကိုယ်​ရေ​တွင်း​ထဲ​က ထွက်​သော​စမ်း​ရေ​ကို သောက်​လော့။ 16သင်၏​စမ်း​ရေ​များ​ပြား၍၊ လမ်း​များ​အ​နား​မှာ စီး​သော​မြစ်​များ ဖြစ်​စေ​လော့။ 17တစ်​ပါး​အ​မျိုး​သား​နှင့် ပေါင်း​ဖက်၍ မ​ဆိုင်​စေ​ဘဲ၊ ကိုယ်​တစ်​ပါး​တည်း​သာ ဆိုင်​စေ​လော့။ 18သင်၏​စမ်း​ရေ​တွင်း၌ မင်္ဂ​လာ​ရှိ​စေ၍၊ အ​သက်​အ​ရွယ်​ပျို​စဉ်​ကာ​လ၊ ပေါင်း​ဖော်​သော မ​ယား​နှင့်​အ​တူ ပျော်​မွေ့​လော့။ 19သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။ 20ငါ့​သား၊ သင်​သည် အ​မျိုး​ပျက်​သော​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် ယစ်​မူး​သ​နည်း။ ပြည့်​တန်​ဆာ​မ၏​ရင်​ပတ်​ကို အ​ဘယ်​ကြောင့် ဖက်​ယမ်း​သ​နည်း။ 21လူ​သွား​လာ​သ​မျှ​သော​လမ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မျက်​မှောက်​တော်၌​ရှိ​ကြ၍၊ သွား​လာ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့​ကို စူး​စမ်း​တော်​မူ၏။ 22အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ 23သူ​သည် အ​လွန်​မိုက်​သော​ကြောင့် မှား​ယွင်း၍၊ သွန်​သင်​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​သွား​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။