YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 31

31
လေ​မွေ​လ​မင်း​ကြီး၏​မယ်​တော်​ဆုံး​မ​စ​ကား
1လေ​မွေ​လ​မင်း​ကြီး၏​မယ်​တော်​သည် သား​ကို ဆုံး​မ​သွန်​သင်​သော တ​ရား​စ​ကား​ဟူ​မူ​ကာ၊ 2ငါ့​သား​အ​ဘယ်​သို့​နည်း။ ငါ​ဖွား​သော​သား၊ အ​ဘယ်​သို့​နည်း။ ငါ၏​သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော​သား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​သော်၊ 3သင်၏​အ​စွမ်း​သ​တ္တိ​ကို မိန်း​မ​တို့​အား မ​ပေး​နှင့်။ ရှင်​ဘု​ရင်​တို့​ကို​ဖျက်​ဆီး​တတ်​သာ​အ​ရာ၌ သင့်၏​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​တို့​ကို မ​အပ်​နှင့်။ 4အို​လေ​မွေ​လ၊ စ​ပျစ်​ရည်​သောက်​သော​အ​မှု​နှင့် သေ​ရည်​သောက်​သော​အ​မှု​သည် ရှင်​ဘု​ရင်၊ မင်း​သား​တို့​နှင့် မ​တော်​မ​သင့်။ 5သူ​တို့​သည်​သောက်​လျက် တ​ရား​တော်​ကို​မေ့​လျော့၍၊ ဆင်း​ရဲ​သော​အ​မှု​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ 6ဆုံး​လု​သော​သူ​အား သေ​ရည်​သေ​ရက်​ကို​လည်း​ကောင်း၊ စိတ်​ညစ်​သော​သူ​အား စ​ပျစ်​ရည်​ကို​လည်း​ကောင်း ပေး​လော့။ 7ထို​သူ​တို့​သည်​သောက်၍ မိ​မိ​ဒု​က္ခ​ဆင်း​ရဲ​ကို မ​အောက်​မေ့​ဘဲ မေ့​လျော့​ပါ​စေ။ 8ကိုး​ကွယ်​ရာ​မ​ရှိ​သော သူ​အ​ပေါင်း​တို့၏​အ​မှု​ကို စောင့်​ခြင်း​ငှာ၊ စ​ကား​အ​သော​သူ​တို့​ဘက်​မှာ နေ၍​ပြော​လော့။ 9စ​ကား​ပြော​လျက်၊ တ​ရား​သ​ဖြင့် စီ​ရင်​လျက်၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့၏​အ​မှု​ကို စောင့်​လော့။
သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ
10သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။ 11သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။ 12ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​အ​ကျိုး​ကို မ​ဖျက်၊ တစ်​သက်​လုံး​ပြု​စု​တတ်၏။ 13သိုး​မွေး​နှင့် ဝါ​ကို​ရှာ၍၊ မိ​မိ​လက်​နှင့် အ​လို​အ​လျောက်​လုပ်​တတ်၏။ 14ကုန်​သည် သင်္ဘော​ကဲ့​သို့​ဖြစ်၍၊ စား​စ​ရာ​ကို ဝေး​သော​အ​ရပ်​မှ ဆောင်​ခဲ့​တတ်၏။ 15မိုး​မ​လင်း​မီ​ထ​လျက်၊ အိမ်​သူ​အိမ်​သား​တို့​အား စား​စ​ရာ​ကို​လည်း​ကောင်း၊ ကျွန်​မ​တို့​အား အ​ငန်း​အ​တာ​ကို​လည်း​ကောင်း၊ ပေး​ဝေ​တတ်၏။ 16ကောင်း​မွန်​စွာ​ဆင်​ခြင်၍၊ လယ်​ကွက်​ကို ဝယ်​ယူ​တတ်၏။ ကိုယ်​တိုင်​လုပ်၍ ရ​သော​ငွေ​နှင့် စ​ပျစ်​ဥ​ယျာဉ်​ကို ပြု​စု​တတ်၏။ 17မိ​မိ​ခါး​ကို ခွန်​အား​နှင့်​စည်း၍၊ မိ​မိ​လက်​တို့​ကို သန်​မြန်​စေ​တတ်၏။ 18မိ​မိ​လုပ်​သော​ဥ​စ္စာ​ကောင်း​သည်​ကို ရိပ်​မိ၍၊ သူ၏​မီး​ခွက်​သည် တစ်​ည​လုံး​မ​သေ​တတ်။ 19ချည်​ဖြစ်​စေ​တတ်​သော​တန်​ဆာ​တို့​ကို ကိုယ်​လက်​နှင့်​ကိုင်၍ လုပ်​ဆောင်​တတ်၏။ 20ဆင်း​ရဲ​သော​သူ​တို့​အား လက်​ကို​ဖြန့်၍၊ ငတ်​မွတ်​သော​သူ​တို့​အား လက်​ရုံး​ကို ဆန့်​တတ်၏။ 21မိုး​ပွင့်​ကျ​သော်​လည်း၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​အ​တွက် မ​စိုး​ရိမ်၊ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် က​တ္တီ​ပါ​နီ​ကို ဝတ်​ကြ၏။ 22ကိုယ်​အ​ဖို့ စောင်​တို့​ကို​ရက်၍၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ကို ဝတ်​တတ်​၏။ 23သူ၏​ခင်​ပွန်း​သည်​လည်း မြို့​တံ​ခါး​တို့၌ ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့် ထိုင်၍၊ ထင်​ရှား​သော​သူ​ဖြစ်​ရ၏။ 24ချော​သော​အ​ထည်​အ​လိပ်​ကို ရက်၍ ရောင်း​တတ်၏။ ခါး​စည်း​တို့​ကို​လည်း ကုန်​သည်၌ ချ​တတ်၏။ 25သူ​လုပ်​သော အ​ထည်​အ​လိပ်​သည် ခိုင်​ခံ့၍၊ လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ သူ​သည် နောင်​ကာ​လ၌ ဝမ်း​မြောက်​လိမ့်​မည်။ 26ပ​ညာ​စ​ကား​ကို​ပြော​တတ်၍၊ မေ​တ္တာ​တ​ရား​အား​ဖြင့် နှုတ်​မြွက်​တတ်၏။ 27အိမ်​သူ​အိမ်​သား ပြု​မူ​သ​မျှ​တို့​ကို ကြည့်​ရှု​တတ်၏။ ပျင်း​ရိ​ခြင်း​အ​စာ​ကို မ​စား​တတ်၊ 28သူ၏​သား​သ​မီး​တို့​သည်​ထ၍၊ အ​မိ​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ သူ၏​ခင်​ပွန်း​က​လည်း၊ 29လူ​မျိုး​သ​မီး​အ​များ​တို့​သည် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။ သို့​ရာ​တွင်၊ သင်​သည် ထို​သူ​အ​ပေါင်း​တို့​ကို လွန်​ကဲ​ပြီ​ဟု သူ့​ကို ချီး​မွမ်း​တတ်၏။ 30ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 31ထို​သို့​သော မိန်း​မ​ကျင့်​ရာ​အ​ကျိုး​ကို ပေး​လော့။ သူ​ပြု​သော​အ​မှု​သည် မြို့​တံ​ခါး​တို့၌ သူ၏​အ​သ​ရေ​ကို ထင်​ရှား​စေ​သ​တည်း။
ရှော​လ​မုန်​မင်း​ကြီး​စီ​ရင်​ရေး​ထား​သော သု​တ္တံ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 31: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ