YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 30:11-23

သုတ္တံ 30:11-23 JBMLE

အ​ဘ​ကို​ကျိန်​ဆဲ၍ အ​မိ​ကို​လည်း ကောင်း​ချီး​မ​ပေး​တတ်​သော လူ​တစ်​မျိုး၊ ငါ​သည် စင်​ကြယ်၏​ဟု မိ​မိ​ကိုယ်​ထင်​သော်​လည်း၊ မိ​မိ​အ​ညစ်​အ​ကြေး​မှ မ​ဆေး​ကြော​သေး​သော လူ​တစ်​မျိုး၊ အ​လွန်​စိတ်​မြင့်၍ မော်​ကြည့်​တတ်​သော လူ​တစ်​မျိုး၊ ဆင်း​ရဲ​သော​သူ​တို့​ကို မြေ​ကြီး​ပေါ်​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​တို့​ကို လူ​စု​ထဲ​က​လည်း​ကောင်း၊ ကိုက်​စား​ပယ်​ရှင်း​စ​ရာ​ဖို့ သန်​လျက်​နှင့်​တူ​သော သွား၊ ဓား​နှင့်​တူ​သော အံ​နှင့် ပြည့်​စုံ​သော လူ​တစ်​မျိုး​ရှိ၏။ မျှော့​ကောင်၌ ပေး​ပါ​နှင့် ပေး​ပါ​ဟူ​သော သ​မီး​နှစ်​ကောင်​ရှိ၏။ အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်​သော အ​ရာ​သုံး​ပါး​မ​က၊ တန်​တော့​ဟု မ​ဆို​တတ်​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ သင်္ချိုင်း​တစ်​ပါး၊ မြုံ​သော​မိန်း​မ ဝမ်း​တစ်​ပါး၊ ရေ​မ​ဝ​နိုင်​သော မြေ​တစ်​ပါး၊ တန်​တော့​ဟု မ​ဆို​တတ်​သော မီး​တစ်​ပါး​တည်း။ အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူ​ငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။ ငါ့​ဉာဏ်​မ​မီ​နိုင်​သော အ​ရာ​သုံး​ပါး​မ​က၊ ငါ​မ​သိ၊ နား​မ​လည်​နိုင်​သော​အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ လေ၌ ရွှေ​လင်း​တ​သွား​ရာ လမ်း​တစ်​ပါး၊ ကျောက်​ပေါ်​မှာ မြွေ​သွား​ရာ လမ်း​တစ်​ပါး၊ ပင်​လယ်​အ​လယ်၌ သင်္ဘော​သွား​ရာ လမ်း​တစ်​ပါး၊ အ​ပျို​မ​နှင့် ယောက်ျား​သွား​ရာ​လမ်း​တစ်​ပါး​တည်း။ မျောက်​မ​ထား​သော မိန်း​မ​လမ်း​လည်း ထို​အ​တူ​ဖြစ်၏။ အ​စာ​စား​ပြီး​မှ မိ​မိ​ပါး​စပ်​ကို သုတ်၍၊ ဒု​စ​ရိုက်​ကို ငါ​မ​ပြု​မိ​ဟု ဆို​တတ်၏။ မြေ​ကြီး​ကို မွှေ​နှောက်​သော​အ​ရာ​သုံး​ပါး​မ​က၊ မြေ​ကြီး​မ​ခံ​နိုင်​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ မင်း​ပြု​သော ကျွန်​တစ်​ပါး၊ ဝ​စွာ​စား​ရ​သော လူ​မိုက်​တစ်​ပါး၊ လက်​ထပ်​သော မိန်း​မ​ဆိုး​တစ်​ပါး၊ သ​ခင်​မ​ဥ​စ္စာ​ကို အ​မွေ​ခံ​ရ​သော ကျွန်​မ​တစ်​ပါး​တည်း။