YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 30

30
အာ​ဂု​ရ၏​ဆုံး​မ​စ​ကား​များ
1ယာ​ကေ​သား​အာ​ဂု​ရ​သည် ဣ​သေ​လ​နှင့် ဥ​က​လ​ကို ဆုံး​မ​သော​တ​ရား​စ​ကား​ဟူ​မူ​ကား၊ 2အ​ကယ်​စင်​စစ် ငါ​သည် လူ​မ​ဟုတ်၊ တိ​ရ​စ္ဆာန်​ဖြစ်၏။ လူ​ဉာဏ်​နှင့် မ​ပြည့်​စုံ။ 3ပ​ညာ​တ​ရား​ကို မ​သင်၊ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​လေ့​ကျက်။ 4ကောင်း​ကင်​ဘုံ​သို့ အ​ဘယ်​သူ​တက်​သ​နည်း။ အ​ဘယ်​သူ ဆင်း​လာ​သ​နည်း။ အ​ဘယ်​သူ​သည် လေ​ကို မိ​မိ​လက်​နှင့် ဆုပ်​ထား​သ​နည်း။ အ​ဘယ်​သူ​သည် ရေ​ကို အ​ဝတ်​နှင့် ထုပ်​ထား​သ​နည်း။ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သူ​တည်​စေ​သ​နည်း။ ထို​သို့​ပြု​သော​သူ၏​အ​မည်​နှင့် သူ၏​သား​အ​မည်​ကား​အ​ဘယ်​သို့​နည်း။ သင်​ပြော​နိုင်​သ​လော။ 5ဘု​ရား​သ​ခင်၏​စ​ကား​တော်​ရှိ​သ​မျှ​သည် စင်​ကြယ်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၌ ဘု​ရား​သ​ခင်​သည် အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ 6စ​ကား​တော်၌ ထပ်၍​မ​သွင်း​နှင့်။ သို့​ပြု​လျှင် အ​ပြစ်​တင်​တော်​မူ၍၊ သင်​သည် မု​သား​သုံး​သော​သူ ဖြစ်​လိမ့်​မည်။
စ​ကား​ပုံ​များ​အ​ဆက်
7ကိုယ်​တော်​ထံ​မှာ ဆု​နှစ်​ပါး​ကို အ​ကျွန်ုပ်​တောင်း​ပါ၏။ အ​ကျွန်ုပ်​မ​သေ​မီ​တိုင်​အောင် ငြင်း​တော်​မ​မူ​ပါ​နှင့်။ 8အ​ကျွန်ုပ်​မှ အ​န​တ္တ​နှင့် မု​သား​ကို​ပယ်​တော်​မူ​ပါ။ ဆင်း​ရဲ​ခြင်း​နှင့် ငွေ​ရ​တတ်​ခြင်း​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ အ​သက်​မွေး​လောက်​သော​အ​စာ​ကို​သာ ပေး​တော်​မူ​ပါ။ 9သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။
10ကျွန်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ သူ၏​သ​ခင်​ကို မ​ပြော​နှင့်။ ပြော​လျှင်​ကျွန်​သည် သင့်​ကို​ကျိန်​ဆဲ၍၊ သင်၌ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ 11အ​ဘ​ကို​ကျိန်​ဆဲ၍ အ​မိ​ကို​လည်း ကောင်း​ချီး​မ​ပေး​တတ်​သော လူ​တစ်​မျိုး၊ 12ငါ​သည် စင်​ကြယ်၏​ဟု မိ​မိ​ကိုယ်​ထင်​သော်​လည်း၊ မိ​မိ​အ​ညစ်​အ​ကြေး​မှ မ​ဆေး​ကြော​သေး​သော လူ​တစ်​မျိုး၊ 13အ​လွန်​စိတ်​မြင့်၍ မော်​ကြည့်​တတ်​သော လူ​တစ်​မျိုး၊ 14ဆင်း​ရဲ​သော​သူ​တို့​ကို မြေ​ကြီး​ပေါ်​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​တို့​ကို လူ​စု​ထဲ​က​လည်း​ကောင်း၊ ကိုက်​စား​ပယ်​ရှင်း​စ​ရာ​ဖို့ သန်​လျက်​နှင့်​တူ​သော သွား၊ ဓား​နှင့်​တူ​သော အံ​နှင့် ပြည့်​စုံ​သော လူ​တစ်​မျိုး​ရှိ၏။ 15မျှော့​ကောင်၌ ပေး​ပါ​နှင့် ပေး​ပါ​ဟူ​သော သ​မီး​နှစ်​ကောင်​ရှိ၏။ အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်​သော အ​ရာ​သုံး​ပါး​မ​က၊ တန်​တော့​ဟု မ​ဆို​တတ်​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 16သင်္ချိုင်း​တစ်​ပါး၊ မြုံ​သော​မိန်း​မ ဝမ်း​တစ်​ပါး၊ ရေ​မ​ဝ​နိုင်​သော မြေ​တစ်​ပါး၊ တန်​တော့​ဟု မ​ဆို​တတ်​သော မီး​တစ်​ပါး​တည်း။ 17အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူ​ငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။ 18ငါ့​ဉာဏ်​မ​မီ​နိုင်​သော အ​ရာ​သုံး​ပါး​မ​က၊ ငါ​မ​သိ၊ နား​မ​လည်​နိုင်​သော​အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 19လေ၌ ရွှေ​လင်း​တ​သွား​ရာ လမ်း​တစ်​ပါး၊ ကျောက်​ပေါ်​မှာ မြွေ​သွား​ရာ လမ်း​တစ်​ပါး၊ ပင်​လယ်​အ​လယ်၌ သင်္ဘော​သွား​ရာ လမ်း​တစ်​ပါး၊ အ​ပျို​မ​နှင့် ယောက်ျား​သွား​ရာ​လမ်း​တစ်​ပါး​တည်း။ 20မျောက်​မ​ထား​သော မိန်း​မ​လမ်း​လည်း ထို​အ​တူ​ဖြစ်၏။ အ​စာ​စား​ပြီး​မှ မိ​မိ​ပါး​စပ်​ကို သုတ်၍၊ ဒု​စ​ရိုက်​ကို ငါ​မ​ပြု​မိ​ဟု ဆို​တတ်၏။
21မြေ​ကြီး​ကို မွှေ​နှောက်​သော​အ​ရာ​သုံး​ပါး​မ​က၊ မြေ​ကြီး​မ​ခံ​နိုင်​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 22မင်း​ပြု​သော ကျွန်​တစ်​ပါး၊ ဝ​စွာ​စား​ရ​သော လူ​မိုက်​တစ်​ပါး၊ 23လက်​ထပ်​သော မိန်း​မ​ဆိုး​တစ်​ပါး၊ သ​ခင်​မ​ဥ​စ္စာ​ကို အ​မွေ​ခံ​ရ​သော ကျွန်​မ​တစ်​ပါး​တည်း။ 24မြေ​ကြီး​ပေါ်​မှာ သေး​နုပ်​သော်​လည်း၊ အ​ထူး​သ​ဖြင့် ပ​ညာ​ရှိ​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 25ခွန်​အား​မ​ရှိ​သော အ​မျိုး​ဖြစ်​သော်​လည်း၊ နွေ​ကာ​လ၌ မိ​မိ​စား​စ​ရာ​ကို ပြင်​ဆင်​တတ်​သော ပု​ရွက်​ဆိတ်​တစ်​ပါး၊ 26မ​သန်​စွမ်း​သော​အ​မျိုး​ဖြစ်​သော်​လည်း၊ ကျောက်​တွင်း၌ နေ​ရာ​ချ​တတ်​သော ရှာ​ဖန်​ယုန်​တစ်​ပါး၊ 27မင်း​မ​ရှိ​သော်​လည်း၊ တပ်​ဖွဲ့၍ အ​စဉ်​အ​တိုင်း​သွား​တတ်​သော ကျိုင်း​တစ်​ပါး၊ 28လက်​ဖြင့်​ကိုင်​ဆွဲ၍၊ နန်း​တော်၌​ပင်​နေ​တတ်​သော အိမ်​မြှောင်​တစ်​ပါး​တည်း။ 29ကောင်း​စွာ​သွား​တတ်​သော အ​ရာ​သုံး​ပါး​မ​က၊ အ​သွား​လှ​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊ 30တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် ခွန်​အား​ကြီး၍၊ အ​ဘယ်​သူ​ကို​မျှ မ​ရှောင်​တတ်​သော ခြင်္သေ့​တစ်​ပါး၊ 31စစ်​မြင်း​တစ်​ပါး၊ ဆိတ်​ထီး​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​နိုင်​သော ရှင်​ဘု​ရင်​တစ်​ပါး​တည်း။ 32သင်​သည် ကိုယ်​ကို​ချီး​မြှောက်၍ မိုက်​သော​အ​မှု​ကို ပြု​မိ​သော်​လည်း​ကောင်း၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​မိ​သော်​လည်း​ကောင်း၊ သင်၏​နှုတ်​ကို လက်​နှင့်​ပိတ်​ထား​လော့။ 33အ​ကယ်​စင်​စစ် နို့​ကို​မွှေ​လျှင် ထော​ပတ်​ထွက်​တတ်၏။ နှာ​ခေါင်း​ကို​ဆွဲ​လိမ်​လျှင် အ​သွေး​ထွက်​တတ်၏။ ထို​နည်း​တူ၊ ဒေါ​သ​ကို​နှိုး​ဆော်​လျှင် ခိုက်​ရန်​ထွက်​တတ်၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 30: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။