YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 3:5-10

သုတ္တံ 3:5-10 JBMLE

ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။ ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဒု​စ​ရိုက်​ကို​ရှောင်​လော့။ သို့​ပြု​လျှင်၊ သင်၏​အ​ကြော​တို့​သည် အား​သန်၍၊ အ​ရိုး​တို့​သည် ခြင်​ဆီ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။ သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။ သို့​ပြု​လျှင်၊ သင်၏​စ​ပါး​ကျီ​တို့​သည် ကြွယ်​ဝ၍၊ စ​ပျစ်​သီး​နယ်​ရာ​တန်​ဆာ​တို့​ကို အ​သစ်​သော စ​ပျစ်​ရည်​လျှံ​လိမ့်​မည်။

​သုတ္တံ 3:5-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။