YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 3:13-26

သုတ္တံ 3:13-26 JBMLE

ဉာဏ်​ပ​ညာ​ကို ရှာ၍​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​ကုန်​သွယ်​ခြင်း​သည် ငွေ​ကုန်​သွယ်​ခြင်း​ထက်​သာ၍​ကောင်း၏။ ပ​ညာ​ကုန်​သွယ်၍ ရ​သော​အ​မြတ်​လည်း ရွှေ​စင်​ထက်​သာ၍​ကောင်း၏။ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ထိုက်​ပေ၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။ သူ၏​လက်​ယာ​လက်၌ အ​သက်​တာ​ရှည်​သော​ကာ​လ၊ လက်​ဝဲ​လက်၌ စည်း​စိမ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ၏။ ပ​ညာ​လမ်း​တို့​သည် သာ​ယာ​သော​လမ်း၊ ပ​ညာ​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ငြိမ်​ဝပ်​လျက်​ရှိ​ကြ၏။ ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​တော်​အား​ဖြင့် မြေ​ကြီး​ကို​တည်၍၊ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို ပြင်​ဆင်​တော်​မူ​ပြီ။ သိ​ပ္ပံ​အ​တတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရပ်​အက်​ကွဲ၍၊ မိုး​တိမ်​မှ​လည်း နှင်း​ရည်​ကျ​တတ်၏။ ငါ့​သား၊ ပ​ညာ​ရ​တ​နာ​နှင့် သ​မ္မာ​သ​တိ​ကို သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​ဘဲ၊ အ​စဉ်​စောင့်​ရှောက်​လော့။ သို့​ပြု​လျှင်၊ ထို​ရ​တ​နာ​တို့​သည် သင်၏​ဝိ​ညာဉ်၌​အ​သက်၊ သင်၏​လည်​ပင်း၌ ဂုဏ်​အ​သ​ရေ​ဖြစ်​လိမ့်​မည်။ သင်​သည် ခ​ရီး​သွား​ရာ၌​ဘေး​မ​ရှိ။ ခြေ​မ​တိုက်​မိ​ဘဲ သွား​လိမ့်​မည်။ အိပ်​သော​အ​ခါ ကြောက်​စ​ရာ​မ​ရှိ​ရ။ ကောင်း​မွန်​စွာ​အိပ်​ပျော်​ရ​လိမ့်​မည်။ လျင်​မြန်​သော​ဘေး​နှင့် လူ​ဆိုး​တွေ့​တတ်​သော ပျက်​စီး​ရာ​ဘေး​ကို ကြောက်​စ​ရာ​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ယုံ​ကြည်​ကိုး​စား​ရာ​ဖြစ်၍၊ သင်၏​ခြေ​ကို မ​ကျော့​မိ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။