YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 27:23-27

သုတ္တံ 27:23-27 JBMLE

သင်၏ သိုး​စု​အ​ကြောင်း​တို့​ကို​သိ​ခြင်း​ငှာ ကြိုး​စား​လော့။ နွား​စု​တို့​ကို​လည်း စေ့​စေ့​ကြည့်​ရှု​လော့။ စည်း​စိမ်​သည် အ​မြဲ​မ​တည်​တတ်။ ရှင်​ဘု​ရင်၏​စည်း​စိမ်​သော်​လည်း၊ လူ​မျိုး​အ​စဉ်​အ​ဆက် မ​တည်​တတ်။ မြက်​ပင်​ပေါက်​တတ်၏။ ပျိုး​ပင်​လည်း ထင်​ရှား​တတ်၏။ တောင်​ယာ​အ​သီး​ကို​လည်း သိမ်း​ရ၏။ သိုး​သ​ငယ်​တို့​သည် သင်​ဝတ်​စ​ရာ​ဖို့၊ ဆိတ်​တို့​လည်း မြေ​အ​ဖိုး​ကို​ဖြေ​စ​ရာ​ဖို့ ဖြစ်၏။ သင်​စား​စ​ရာ​ဖို့၊ အိမ်​သူ​အိမ်​သား​စား​စ​ရာ​ဖို့၊ ကျွန်​မိန်း​မ​များ​ကို ကျွေး​စ​ရာ​ဖို့ ဆိတ်​နို့​လောက်​လိမ့်​မည်။