လမ်း၌လျှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူနှင့် တူ၏။ ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက်၊ မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြား၊ သေဘေးကို ပစ်တတ်သောအရူးနှင့်တူ၏။ ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။ မီးခဲချင်း ပြုသကဲ့သို့လည်းကောင်း၊ ထင်းသည် မီးကို မွေးသကဲ့သို့လည်းကောင်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။ ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။ ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သောစိတ်နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။
သုတ္တံ 26 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 26:17-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ