YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 26:17-23

သုတ္တံ 26:17-23 JBMLE

လမ်း၌​လျှောက်​သွား၍ မိ​မိ​မ​ဆိုင်​သော​အ​မှု​ကို ရော​နှော​သော​သူ​သည် ခွေး​နား​ရွက်​ကို ကိုင်​ဆွဲ​သော​သူ​နှင့် တူ၏။ ငါ​ကျီ​စား​ရုံ​မျှ​သာ ပြု​သည်​ဟု​ဆို​လျက်၊ မိ​မိ​အိမ်​နီး​ချင်း​ကို လှည့်​စား​သော​သူ​သည် မီး​စ၊ မြား၊ သေ​ဘေး​ကို ပစ်​တတ်​သော​အ​ရူး​နှင့်​တူ၏။ ထင်း​မ​ရှိ​လျှင် မီး​သေ​တတ်​သ​ကဲ့​သို့ ကုန်း​တိုက်​သော​သူ​မ​ရှိ​လျှင် ရန်​ငြိမ်း​တတ်၏။ မီး​ခဲ​ချင်း ပြု​သ​ကဲ့​သို့​လည်း​ကောင်း၊ ထင်း​သည် မီး​ကို မွေး​သ​ကဲ့​သို့​လည်း​ကောင်း၊ ရန်​တွေ့​တတ်​သော​သူ​သည် ခိုက်​ရန်​မှု​ကို ပြု​စု​တတ်၏။ ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့ ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။ ချစ်​အား​ကြီး​သော​နှုတ်​နှင့်၊ ဆိုး​ညစ်​သော​စိတ်​နှ​လုံး​သည် ချော်​မွမ်း​မံ​သော အိုး​ခြမ်း​နှင့်​တူ၏။