သိပ္ပံအတတ်ကိုခေါ်၍၊ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဉာဏ်ကို စူးစမ်းလျှင်လည်းကောင်း၊ ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကို သိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။ ဖြောင့်မတ်သောသူတို့အဖို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့် ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။ မိမိသန့်ရှင်းသူတို့သည် တရားလမ်းကို စောင့်ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံစေတော်မူ၏။ ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ်ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည်လိမ့်မည်။ ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌မွေ့လျော်သောအခါ၊
သုတ္တံ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 2:3-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ