YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 2:3-10

သုတ္တံ 2:3-10 JBMLE

သိ​ပ္ပံ​အ​တတ်​ကို​ခေါ်၍၊ ဉာဏ်​နောက်​သို့ အ​သံ​ကို​လွှင့်​လျှင်​လည်း​ကောင်း၊ ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​သည် တ​ရား​လမ်း​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ သူ​တို့၏​လမ်း​ခ​ရီး​ကို လုံ​ခြုံ​စေ​တော်​မူ၏။ ကျေး​ဇူး​တော်​ကြောင့် သင်​သည် ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ ဆုံး​ဖြတ်​ခြင်း​မှ​စ၍၊ ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို သိ​နား​လည်​လိမ့်​မည်။ ပ​ညာ​သည်​သင်၏​နှ​လုံး​ထဲ​သို့​ဝင်၍၊ သင်​သည် သိ​ကြား​ခြင်း၌​မွေ့​လျော်​သော​အ​ခါ၊

​သုတ္တံ 2:3-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။