YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 19:1-14

သုတ္တံ 19:1-14 JBMLE

ကောက်​လိမ်​သော စ​ကား​ကို သုံး​တတ်​သော​လူ​မိုက်​ထက်၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော ဆင်း​ရဲ​သူ​သည် သာ၍​ကောင်း၏။ စိတ်​ဝိ​ညာဉ်​သည် ပ​ညာ​အ​တတ်​မ​ရှိ​ဘဲ မ​နေ​ကောင်း။ အ​လျင်​အ​မြန်​သွား​သော​သူ​သည်​လည်း မှား​ယွင်း​တတ်၏။ လူ​သည် မိုက်​သော​သ​ဘော​ကြောင့်၊ လမ်း​လွဲ၍ စိတ်​ထဲ​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​တတ်၏။ စည်း​စိမ်​ရှိ​လျှင် အ​ဆွေ​ခင်​ပွန်း များ​တတ်၏။ ဆင်း​ရဲ​သော​သူ​မူ​ကား၊ မိ​မိ​အိမ်​နီး​ချင်း​နှင့်​မျှ မ​ပေါင်း​ဖော်​ရ။ မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ​မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း ဒဏ်​နှင့်​မ​လွတ်​ရ။ များ​သော​သူ​တို့​သည် မင်း​ကို ဖျောင်း​ဖျ​တတ်​ကြ၏။ လက်​ဆောင်​ပေး​သော​သူ​ကို​လည်း၊ လူ​တိုင်း မိတ်​ဆွေ​ဖွဲ့​တတ်၏။ ဆင်း​ရဲ​သော​သူ၏ ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​သည် သူ့​ကို​မုန်း​တတ်​ကြ၏။ သူ၏​အ​ဆွေ​ခင်​ပွန်း​တို့​သည် သူ့​ကို​သာ၍ ဝေး​စွာ​ရှောင်​တတ်​ကြ၏။ လိုက်၍​ခေါ်​သော်​လည်း ကွယ်​ပျောက်​ကြ​ပြီ။ ပ​ညာ​ကို​ရ​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ချစ်​ရာ​ရောက်၏။ ဉာဏ်​ကို​စွဲ​လမ်း​သော​သူ​သည်​လည်း၊ ကောင်း​ကျိုး​ကို ခံ​တတ်၏။ မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ မိုက်​သော​သူ​သည် မ​ပျော်​မွေ့​သင့်။ ထို​မျှ​မ​က၊ ကျွန်​သည်​မင်း​တို့​ကို အ​စိုး​မ​ရ​သင့်။ သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် မိ​မိ​အ​မျက်​ဒေါ​သ​ကို ချုပ်​တည်း​တတ်၏။ သူ​တစ်​ပါး​ပြစ်​မှား​ခြင်း​ကို သည်း​ခံ​သော​သူ​သည်​လည်း ဘုန်း​အ​သ​ရေ​ရှိ၏။ ရှင်​ဘု​ရင်၏​အ​မျက်​တော်​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ဖြစ်၏။ ကျေး​ဇူး​တော်​မူ​ကား၊ မြက်​ပေါ်​မှာ​ကျ​သော နှင်း​ရည်​ကဲ့​သို့ ဖြစ်၏။ မိုက်​သော​သား​သည် အ​ဘ​ဆင်း​ရဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ ရန်​တွေ့​တတ်​သော​မ​ယား​သည်​လည်း၊ အ​စက်​စက်​ကျ​သော မိုး​ပေါက်​နှင့်​တူ၏။ အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။