YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 15:20-33

သုတ္တံ 15:20-33 JBMLE

ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်၏။ မိုက်​သော​သား​မူ​ကား၊ မိ​မိ​အ​မိ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဉာဏ်​မ​ရှိ​သော​သူ​သည် မိုက်​ခြင်း၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်​တတ်၏။ တိုင်​ပင်​ခြင်း​မ​ရှိ​လျှင် အ​ကြံ​ပျက်​တတ်၏။ တိုင်​ပင်​သော​သူ​များ​လျှင်​မူ​ကား၊ အ​ကြံ​တည်​တတ်၏။ လူ​သည် ပြန်​ပြော​သော​စ​ကား​အား​ဖြင့် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ချိန်​တန်၍ ပြော​သော​စ​ကား​သည်​လည်း အ​လွန်​လျောက်​ပတ်​ပေ၏။ ပ​ညာ​ရှိ​သော​သူ​လိုက်​ရာ အ​သက်​လမ်း​သည် အောက်​အ​ရပ်၊ မ​ရ​ဏ​နိုင်​ငံ​မှ လွှဲ​ရှောင်၍၊ အ​ထက်​သို့ ပို့​ဆောင်​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။ မ​တ​ရား​သော​သူ၏ အ​ကြံ​အ​စည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စင်​ကြယ်​သော​သူ၏ စ​ကား​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို စိတ်​နှ​လုံး​ထဲ​မှာ ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​မူ​ကား၊ မ​ကောင်း​သော​အ​ရာ​တို့​ကို သွန်း​လောင်း​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။ မျက်​စိ​အ​လင်း​သည် နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ကောင်း​သော​သ​တင်း​စ​ကား​သည်​လည်း၊ အ​ရိုး​တို့​ကို ခြင်​ဆီ​နှင့် ပြည့်​ဝ​စေ​တတ်၏။ အ​သက်​နှင့်​ယှဉ်​သော​ဆုံး​မ​ခြင်း​စ​ကား​ကို နား​ထောင်​သော​သူ​သည် ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​ရ​သော​အ​ခွင့်​ရှိ၏။ ဆုံး​မ​ခြင်း​စ​ကား​ကို​ပယ်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို မ​ထီ​မဲ့​မြင်​ပြု​ရာ​သို့ ရောက်၏။ နား​ထောင်​သော​သူ​မူ​ကား၊ ဉာဏ်​ကို​ရ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ​ကို​သွန်​သင်​ခြင်း​ဖြစ်၏။ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

​သုတ္တံ 15:20-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။