YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 14:29-33

သုတ္တံ 14:29-33 JBMLE

စိတ်​ရှည်​သော​သူ​သည် ပ​ညာ​ကြီး၏။ စိတ်​တို​သော​သူ​မူ​ကား၊ အ​ထူး​သ​ဖြင့် မိုက်​ပေ၏။ ကျန်း​မာ​သော​နှ​လုံး​သည် ကိုယ်​အ​သက်​ရှင်​စေ​သော​အ​ကြောင်း၊ ငြူ​စူ​သော​သ​ဘော​မူ​ကား၊ အ​ရိုး​ဆွေး​မြေ့​ခြင်း​အ​ကြောင်း ဖြစ်၏။ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ ဘု​ရား​ကို​ရို​သေ​သော​သူ​မူ​ကား၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​တတ်၏။ မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။ ဉာဏ်​ရှိ​သော​သူ၏​နှ​လုံး၌ ပ​ညာ​ကျိန်း​ဝပ်​တတ်၏။ မိုက်​သော​သူ​တို့၏​အ​ထဲ၌ ရှိ​သော​အ​ရာ​မူ​ကား၊ ထင်​ရှား​တတ်၏။